



ရှ မ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အသက်(၂၀)အရွယ် အမျိုးသားကို ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အဖြစ် ဒီကနေ့ နေ့လယ်ပိုင်းကစတင်ပြီး စောင့်ကြည့်နေတယ်လို့ သီပေါဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်း ကပြော ပါတယ်။

အဲဒီသံသယလူနာဟာ တရုတ်နိုင်ငံ၊ ကွမ်းတုံပြည်နယ်၊ ဟွေကျုံးကနေ မတ်(၁၆)ရက် ညပိုင်းမှာ သီပေါမြို့ ကိုပြန်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။

လူနာရဲ့ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့ဆီပေးပို့စစ်ဆေးထားတယ် လို့ဆိုပါတယ်။ အခုအခါ လူနာကို သီပေါဆေးရုံ သီးသန့်ဆောင်မှာထားရှိပြီး စောင့်ကြည့်ကုသပေးနေတယ်လို့ ဆိုပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ……သတင်း- အိုက်စိုင်း(သီပေါ)