COVID -19 ကိုရို နာဗိုင်းရပ်စ် အန္တရာယ် ရှိနေပေမယ့် စာမေးပွဲကျင်းပဖို့ ရှိနေတာ အတွက် ဒဂုံတက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦးက စာမေးပွဲရက်ရွေ့ပေးဖို့ တောင်းဆိုတဲ့ ပိုစတာ ဆိုင်းဘုတ်ကပ် လှုပ်ရှားမှု တစ်ခုကို ဒီနေ့ ၂၀၂၀ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ စတင် ပြုလုပ်ခဲ့ကြပါတယ်။

COVID-19 ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHOက ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာခဲ့ပြီး မြန်မာ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးမပြုလုပ်ကိုမပြုလုပ်ဖို့တိုက်တွန်းထားလို့ စာမေးပွဲလာရောက်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတချို့က ဒီ့အတွက် စိုးရိမ်မှုရှိနေလို့ အခု တောင်းဆိုရတာလို့ လှုပ်ရှားသူတွေက ဆိုပါတယ်။

တက္ကသိုလ်စာမေးပွဲများမှာ မတ်လ ၁၈ ရက်နေ့မှာ စတင်ဖြေဆိုရမှာ ဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း
လေးစားစွာဖြင့် ခရစ်ဒက် …… BBC Burmese