ပ ရိသတ်အချစ်တော် နိုင်ငံကျော်မင်းသမီးချောလေး မိုးယုစံကတော့ အောင်ဘာလေထီကြီးကို လစဉ်မပြတ်ထိုးလေ့ရှိပြီး ယခုလမှာတော့ ထီထိုးတာပိုက်ဆံမပေးရဘဲ ထီရောင်းတဲ့သူဆီကနေ ပိုက်ဆံပြန်ရခဲ့တဲ့အကြောင်းကို “ဒီတစ်ခါ ထီထိုးတာ ပိုက်ဆံမပေးရဘူး ထီ‌ရောင်းတဲ့သူဆီက‌‌နေပြန်တောင်ရလိုက်သေး” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

မိုးယုစံကတော့ အလှမယ်လေးအဖြစ်အနုပညာလောကထဲကိုဝင်ရောက်လာကာ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိထားပြီး နှင်းဆီအငြိမ့်အဖွဲမှာလည်း ပင်တိုင်မင်းသမီးလေးအဖြစ် ပါဝင်ကပြဖျော်ဖြေနေတာဖြစ်ပါတယ်။ မိုးယုစံကတော့ ချစ်ခင်ပွန်းရဲ့ အစစအရာရာ လိုလေသေးမရှိဂရုစိုက်မှုတွေနဲ့အတူ သားလေး Austin နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို ဖြတ်သန်းနေပါတယ်။ သူကတော့ လစဉ်မပြတ် အောင်ဘာလေထီကြီးကို ထိုးလေ့ရှိတာကြောင့် လွန်ခဲ့တဲ့လက ပေါက်တဲ့ ဆုမဲအသေးကို ယခုလအတွက်ထိုးရင်း ထုတ်လိုက်တာကြောင့် ယခုလထိုးတဲ့ထီလတ်မှတ်အတွက် ပိုက်ဆံမပေးရတဲ့အပြင် ပိုက်ဆံပြန်ရလိုက်တာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် ရုပ်ရှင်မင်းသမီးချောလေး မေမေမိုးယုစံကတော့ လစဉ်မပြတ်ထိုးလေ့ရှိတဲ့ အောင်ဘာလေထီကြီးကို ယခုလအတွက်ထိုးရင်း ယခင်လကပေါက်တဲ့ဆုမဲသေးလေးကိုထုတ်ရတာပါတဲ့။ ပရိသတ်ကြီးထဲမှာရော မင်းသမီးချောလေး မိုးယုစံလို အောင်ဘာလေထီကြီးကို လစဉ်မပြတ်ထိုးလေ့ရှိကြလား….

Source: Moe Yu San
DarDar-CeleGabar