ပ ရိသတ်တွေရဲ့ အချစ်တော်အက်စတာကတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိမှာအဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ အက်စတာက အဆိုတော်တစ်ယောက်အနေနဲ့အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကြော်ငြာတွေကို စတင်ရိုက်ကူးနေခဲ့ပြီလည်းဖြစ်ပါတယ်။

အက် စတာကတော့ အနုပညာမှာပါရမီပါတဲ့သူတစ်ယောက်လို့ဆိုရမလိုပါပဲ အဆိုတော်တစ်ယောက်အပြင် အခုလိုသရုပ်ဆောင်တစ်ယောက်အနေနဲ့ ကြော်ငြာတွေကို ရိုက်ကူးချိန်မှာလည်း မထင်မှတ်ထားလောက်အောင် အောင်မြင်မှုရရှိခဲ့ပါသေးတယ်။အက်စတာတစ်ယောက်သရုပ်ဆောင်အနေနဲ့ ပထမဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာလေးဟာ ကြည့်ရှုသူ (၃)သန်းအထိကိုရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အက်စတာရဲ့ ပရိသတ်တွေကတော့ အက်စတာရဲ့ ပထမဆုံး ကြော်ငြာလေးမှာတင် အခုလိုမထင်မှတ်ထားလောက်တဲ့ အထိအောင်မြင်မှုတွေရရှိနေခဲ့တာကြောင့် ဂုဏ်ယူနေခဲ့ကြပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အက်စတာရဲ့ ပထမဆုံးကြော်ငြာရိုက်ကူးမှုလေးကတော့ မထင်မှတ်ထားလောက်တဲ့အထိအောင်မြင်ခဲ့တာဆိုတော့ အက်စတာရဲ့ပရိသတ်တွေဂုဏ်ယူလည်း ဂုဏ်ယူချင်စရာကောင်းလောက်အောင်ပါပဲနော်။

Chilli – CeleGabar
Source – We love Esther Dawt Chin Sung (ဆုန်ဆုန်)