နိုင် ငံကျော်မင်းသားချော ထွန်းထွန်းကတော့ အနုပညာလောကမှာအောင်မြင်မှုအခိုင်အမာရရှိထားသလို တစ်ကိုယ်တည်းလူပျိုကြီး အဖြစ်ဘဝကိုဖြတ်သန်းနေတာဖြစ်ပါတယ်။လက်ရှိမှာတော့ ထွန်းထွန်းဟာ ပါဝင်သရုပ်ဆောင်နေတဲ့ ဇာတ်ရုပ်ပီပြင်အောင် တုံးထားတဲ့ ကတုံးကေနဲ့ကို “ဈေးဗန်းခင်းမယ် ဈေးဗန်းခင်းမယ် အားလုံးဘေးဖယ် အာလုံးဘေးဖယ် ကတုံးလေး ဈေးဗန်းခင်းမယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဈေးဗန်းခင်းထားပါတယ်။

နိုင်ငံကျော်မင်းသား ထွန်းထွန်းကတော့ လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ ချစ်သူဟောင်းနဲ့ လမ်းခွဲခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေကာ ရုပ်ရှင်ရိုက်ကွင်းကပုံလေးနဲ့အတူ နိုင်ငံကျော်အဆိုတော် မိစန္ဒီရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ ဈေးဗန်း သီချင်းရဲ့ စာသားတစ်ချို့နဲ့ဈေးဗန်းခင်းထားပါတယ်။ ထွန်းထွန်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ကျရာဇာတ်ကောင်တွေကို အကောင်းဆုံး ပုံဖော်နေတတ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် လက်ရှိမှာလည်း ဇာတ်ကောင်အတွက်လိုအပ်တာကြောင့် ကတုံးတုံးထားတာလည်းဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကားတွေမှာသာမက ရုပ်ရှင်မင်းသားတစ်ယောက်အနေနဲ့ပါ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အကောင်းဆုံးအကယ်ဒမီဆုကို “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားနဲ့ ထိုက်တန်စွာချီးမြင့် ခံခဲ့ရတာဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသားချော လူပျိုကြီးထွန်းထွန်းကတော့ ကတုံးကေနဲ့လည်း ဈေးဗန်းခင်းလိုက်ပြန်ပါပြီနော်။ ပရိသတ်ကြီးရေ လူပျိုကြီးထွန်းထွန်းရဲ့ ဈေးဗန်းက ဘယ်သူကိုရည်ရွယ်ရောင်းတာပါလိမ့်နော်…..

Source: Htin Aung Tun
DarDar-CeleGabar