မြန် မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ EP (Entry Permit) ဖြင့် ဝင်လာသည့် တရုတ်နိုင်ငံသား (၅၀၀)ကျော် တာချီလိတ်ဘက်မှ ထိုင်းဘက်သို့ ပြန်ထွက်၍ မရဘဲဖြစ်နေကြောင်း သိရသည်။

“EP နဲ့ဝင်လာ တဲ့သူတွေ။ ထိုင်းဘက်က ပိတ်လိုက်တော့ ဒီမှာပဲနေပေါ့။ ကျွန်တော်တို့ဘက်က အဝင်၊ အထွက် မပိတ်ထားဘူး။ ရက်ကျော်ရင် ဒဏ်ကြေးဆောင်ပြီးနေပေါ့။ အားလုံး (၅၃၇) ယောက်ရှိတယ်” ဟု မြန်မာ – ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတား၏ တာချီလိတ်ဘက်မှ တာဝန်ရှိသူတစ်ဦးက မနေ့က မတ်လ(၁၆)ရက်နေ့တွင် ပြောပါသည်။

တာချီလိတ်ဘက်သို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှနေ၍ ထိုင်းနိုင်ငံသားများကို နယ်စပ်ဖြတ်သန်းခွင့်ဖြင့် လည်းကောင်း၊ တတိယနိုင်ငံသားများကို ဗီဇာ၊ ပြည်ဝင်ခွင့်လက်မှတ်(Entry Permit)ဖြင့်လည်းကောင်း ဝင်ရောက် လည်ပတ်ခွင့်ပြုထားခြင်းဖြစ်သဖြင့် ထိုင်းနိုင်ငံဘက်မှတစ်ဆင့် တာချီလိတ်ဘက်သို့ Entry Permit ဖြင့် ဝင်လာသည့် တရုတ်နိုင်ငံသား ခရီးသွားများမှာ ထိုင်းနိုင်ငံဘက် ပြန်ဝင်၍မရတော့သဖြင့် တာချီလိတ်မြို့တွင် ပိတ်မိနေခြင်းဖြစ်သည်။

Tachileik News Agency