မေ လးရွားနိုင္ငံမွာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ရုတ်တရတ်မြင့်တက်လာတာကြောင့် မလေးရှားတစ်နိုင်ငံလုံးကို အဝင်အထွက်ပိတ်လိုက်ပြီဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က ဒီကနေ့မှာကြောညာလိုက်ပါတယ်။ အခုလိုကြေညာလိုက်တာကြောင့် တခြားနိုင်ငံသာတွေအနေနဲ့မလေးရှားကို လာရောက်ခွင့်မရှိတော့သလို မလေးရှားနိုင်ငံသားတွေဟာလဲပြည်ပကိုထွက်ခွာခွင့်ရှိတော့မှာမဟုတ်ပါဘူး

မေ လးရှားတစ်နိုင်ငံလုံးကို မတ်လ 18 ရက်နေ့ကနေစပြီး လကုန်အထိပိတ်ထားဖြစ်တယ်လို့နိုင်ငံပိုင်းရုပ်သံမှာထုတ်လွင့်ကြေညာသွားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၄၃၀ နီးပါးထဲက ထက်ဝက်ကျော်ဟာ ပြီးခဲ့တဲ့လထဲ ကျင်းပခဲ့တဲ့ နိုင်ငံတကာ အစ္စလာမ်ဘာသာရေး ပွဲတော်တွေကို တက်ရောက်ခဲ့သူတွေ ဖြစ်တယ်လို့ မလေးရှားအစိုးရက အတည်ပြုထားပါတယ်။

အခုလိုကြေညာလိုက်တာကြောင့် နေ့စဉ်သုံး လိုအပ်သောကုန်ပစ္စည်းများ ရောင်းချသော စူပါမားကက်များ၊ ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များမှလွဲ၍ ကျန်တဲ့ဘာသာရေးအခမ်းအနာတွေအကုန်လုံးကိုပိတ်ထားမှာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ ဒီကနေ့မှာ ၁၀၀ ကျော်ထိရုတ်တရတ်မြင့်တက်လာတဲ့အတွက် စုစုပေါင်း ကူးစက်ခံရသူအရေအတွက် ၅၀၀ ကျော်ပြီလို့သိရပါတယ်။

Ref; CNA
Credit-Writer_HULK ( XYZ News )