ဥေ ရာပတိုက္တစ္ခုလုံးမွာ ကိုရိုနာဗိုင်းရဗ်စ် ကူးစက်ခံရမူအခြေအနေတွေတစ်နေ့တခြားဆိုးရွားလာတကြောင့် ဒါကို တားဆီးဖို့အနေနဲ့နိုင်ငံတော်တော်များများနယ်စပ်ဂိတ်တွေပိတ်တာအပြင် တစ်နိုင်ငံလုံးအသွားအလာတွေပိတ်ဆို့ပြီး ခုခံကာကွယ်နေကြပါတယ်။ပြင်သစ်မှာလဲ ကိုရိုနာဗိုင်းရဗ်စ် ကူးစက်ခံရမူအခြေအနေတွေကိုထိန်းချုပ်ဖို့ကြိုးစားတဲ့အနေနဲ့ပြင်သစ်တစ်နိုင်ငံလုံးကို ၁၅ ရက်ကြာ Lock Down အဝင်အထွက်ပိတ်ဆို့မယ်လို့ သမ္မတ မက်ခရွန်က ရုပ်မြင်သံကြား က မိန့်ခွန်း ပြောကြားသွားခဲ့ပါတယ်။

ဒီ ကန့်သတ်ချက်ဟာ ဒီနေ့မှာစတင်အသက်ဝင်လာမှာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ အရေးတကြီး ကိစ္စတွေ က လွဲရင် အပြင် ကို မသွားကြဖို့နဲ့ ဈေးဝယ်စရာ ရှိလို့ အပြင်ထွက်ရင်လည်း တစ်ယောက် နဲ့ တစ်ယောက် တစ်မီတာ အကွာမှာနေဖို့ လက်ဆွဲနုတ်ဆက်တာ၊ ဖက်ပြီး နုတ်ဆက်တာတွေလုံးဝမပြုလုပ်ဖို့နဲ့ အခုလိုချမှတ်ထားတဲ့စည်းကမ်းတွေကို မလိုက်နာရင်ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြင်သစ်မှာလဲ ကိုရိုနာဗိုင်းရဗ်စ်ရောဂါကူးစက်ခံရသူ ၆၀၀၀ ကျော်လာပြီဖြစ်သလို သေဆုံးသူဦးရေဟာလဲ ၁၄၈ ဦးအထိရှိလာပြီဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ တစ်ကမ္ဘာလုံးမှာ ဗိုင်းရပ်စ် ကူးစက် ခံထား ရသူ 182,609 ကျော် ရှိနေပြီး၊ သေဆုံးသူ အရေ အတွက် ကလည်း 7,171 ရှိနေပြီဖြစ်သလို ရောဂါကနေ ပြန်လည်သက်သက်ပျောက်ကင်းသွားသူအရေအတွက်ကလဲ 79,883 အထိရှိနေပြီလို့သိရပါတယ်။

Ref; BBC News
Credit-Writer_HULK ( XYZ News )