ဝေ လာရီကတော့ အဆိုတော်လိမ္မော်သီးရဲ့ညီမလေးဖြစ်ပြီး ဇာတ်လမ်းတွဲတွေမှာပါဝင်ကာ လူသိများလာတာပါ။ MRTV-4 မှာပြသခဲ့တဲ့ နှင်းဆီ ဆိုတဲ့ဇာတ်လမ်းတွဲမှာ မော် အဖြစ်နဲ့ပါဝင်ပြီးနောက် ပရိသတ်တွေရဲ့အချစ်တွေကိုရရှိလာသလို စာမျက်နှာသစ်ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ မြတ်သီရိဝေ အဖြစ်နဲ့ပါဝင်ထားတာပါ။

အ ခု ဆိုရင်လည်း ဇာတ်လမ်းတွဲအသစ်လေးမှာပါဝင်ထားပြန်ပါပြီ။ဒီဇာတ်လမ်းတွဲလေးနဲ့ပတ်သက်ပြီးအမှတ်တရတွေရှိခဲ့တဲ့ဝေလာရီကတော့ “၄ လတာ ရိုက်ကူးခဲ့တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲလေး ဝေလာရီရဲ့ scene တွေ အကုန်ရိုက်ကူးလို့ ပြီးသွားပါပြီ … ” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲလေးကိုလည်း ပရိသတ်တွေအားပေးကြဖို့ပြောထားပါသေးတယ်။ဒီဇာတ်လမ်းတွဲထဲမှာတော့ ဆောင်း ဆိုတဲ့ ဇာတ်ရုပ်နဲ့ပါဝင်ထားတာဖြစ်ပြီး ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူရှိခဲ့တဲ့အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေခဲ့ပါတယ်။

ဒါ့ အပြင် ဇာတ်လမ်းတွဲကိုရိုက်ကူးပုံဖော်ခဲ့သော ဒါရိုက်တာကြီးကို ဝမ်းနည်းမျက်ရည်တွေနဲ့အတူနှုတ်ဆက်ကန်တော့ခဲ့တာလည်း ဖြစ်ပါတယ်။ဝေလာရီကတော့ အသစ်တစ်ယောက်ဖြစ်ပေမဲ့ ပရိသတ်တွေအကြိုက်တွေ့ရလောက်အောင် သရုပ်ဆောင်ပိုင်းမှာကြိုးစားအားထုတ်သူတစ်ယောက်ပါ။အခုအသစ်ထွက်ရှိလာမယ့် မမှီဝဲနဲ့ကင်းအောင်နေ ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုလည်း အားပေးကြမယ်မဟုတ်လားနော်…

Source:WaiLarRi