လေ ယာဉ်မဆင်းခင် လေယာဉ်ပေါ်မှာ Disinfection ဆေးဘူးတွေဖြန်း၊ အပူချိန်တိုင်း၊ Immigartion ကိုမဝင်ခင်မှာ Body Scan ဖတ်တယ်။မြန်မလေဆိပ်တောင်ဟုသေးရဲ့လားလို့ အံသြယူရလောက်အောင် ပြောင်းလဲသွား​တဲ့​ အစိုးရရဲ့ ဝူဟန်ဗိုင်းရပ်စ် စစ်ဆင်ရေး။

So good to be back at home !ရန်ကုန်လေဆိပ်က အတော်စစ်ပါတယ်။ Health Declaration Form ဖြည့်ရတယ်။

လေယာဉ်မဆင်းခင် လေယာဉ်ပေါ်မှာ Disinfection ဆေးဘူးတွေဖြန်းတယ်။ အသွားတုန်းကတောင်မလုပ်ဘူး။ လေယာဉ်ပေါ်ကဆင်းတော့ လေဆိပ် Official တွေကို ဖြန်းပြီးသားဆေးဘူးတွေ အိတ်ထဲချိတ်ပိတ် လက်မှတ်ထိုးပြီး လေယာဉ်မယ်တွေကအပ်နေတာတွေ့တယ်။

မန်မာအစိုးရက လုပ်ခိုင်းတာဖြစ်မယ်။ လေယာဉ်ပေါ်ကဆင်းတော့ အပူချိန်တိုင်းတယ်။ တိုင်းတဲ့သူတွေက ၀တ်စုံအပြည့်နဲ့။ စနစ်တကျတိုင်းတယ်။ ပြီးပြီးရော တာဝန်ကျေမဟုတ်ဘူး။ လုပ်ပြရုံသက်သက်တိုင်းတာမဟုတ်ဘူး။ Immigartion ကိုမဝင်ခင်မှာ Body Scan ဖတ်တယ်။ Counter တစ်ခု အသေအခြာလုပ်ပြီးတော့ကို Scan ဖတ်တာ။ Singapore လေဆိပ်မှာ Scan ဖတ်တာ တောင် Mobile Station လေးတွေနဲ့ဖတ်တာ။

Declaration Form ကို ကျန်းမာရေးက အသေအခြာစစ်တယ်။ ခရီးသည်တွေအားလုံးက လဲ ပူးပေါင်းပါဝင်တယ်။ အကုန်လုံးက ကိုယ့်နိုင်ငံကို ဒီ Virus မရောက်စေချင်ဘူး။ စိတ်ရှည်လက်ရှည် အကြည်တသာ ပူးပေါင်း ပါဝင်ကြတယ်။ Immgaration Officers တွေ စားပွဲမှာ မှန်အကာတွေ တပ်လိုက်ပြီ၊ Officer အားလုံး Mask နဲ့ Latex လက်အိတ်နဲ့ အပြည့်အစုံပဲ။ Singapore Immagration တောင် ဒီ အချက်တွေ မဖြည့်စွက်ထားသေးဘူး။

ကိုယ်ပြန်နေတာ မြန်မာပြည်ဟုတ်ရဲ့လားတောင် သံသယဝင်မိတယ်။ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်တွေ့မြင်တာတော့ အစိုးရက ဒီကိစ္စကို Seriously ကိုင်တွယ်နေတယ်။ ပြည်သူတစ်ယောက်အနေနဲ့ အစိုးရနဲ့ ဌာနဆိုင်ရာဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဖက်ကလဲ အစိုးရကို စိုးရိမ်ပူပန်ပြီးအပြစ်တင်နေတာထက် ဝိုင်းဝန်းပူးပေါင်း ဖြတ်ကျော်ဖို့လိုတယ်။

Front Line ၀န်ထမ်းတွေရဲ့အားထုတ်မှုကိုလဲ ဝိုင်းဝန်း Appericiate လုပ်သင့်တယ်။ တကယ်တော့ နိုင်ငံကို ကာကွယ်တယ်ဆိုတာ ယူနီဖောင်းတွေဝတ်ပြီး သေနတ်တွေ ကိုင်ထားမှ မဟုတ်ဘူး။ ဉာဏ်ပညာအရည်အသွေးနဲ့ ပြည်သူအပေါ် စေတနာ ထားတတ်ရင်ကို လုံလောက်တယ်။

ဒီလိုစေတနာထားတတ်တဲ့လူတွေကို ထောက်ခံဖို့က ဉာဏ်ရှိတဲ့ပြည်သူပြည်သားတိုင်းရဲ့အလုပ်ပဲ။together.(ဖြိုးကို)။

Credit:Phyoe Ko Ko