Myanmar Idol Season (4) ပြိုင်ပွဲကြီးကတော့ တဖြည်းဖြည်းနဲ့ ပါဝင်ယှဉ်ပြိုင်သူတွေရော ပရိသတ်တွေကပါ အပြင်းအထန်ရင်ခုန်ရတဲ့ အချိန်အခါကို တစ်ပတ်ထက်တစ်ပိုမို နီးနီးကပ်ကပ်နဲ့ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြားအနေနဲ့ အရင်အပတ်တွေလို မဟုတ်ဘဲ “မြန်မာရုပ်ရှင် ဇာတ်ဝင်တေးသီချင်းများ”အပြင် နောက်ထပ် “စိတ်ခွန်အားဖြစ်စေတဲ့ သီချင်း”စုစုပေါင်း သီချင်းနှစ်ပုဒ်နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရတာပါ။

ပရိသတ်တွေက Winner ဆုကြီးကို ရရှိမယ်လို့ ထင်ကြေးပေးတာကို ခံနေရတဲ့ ပြိုင်ပွဲဝင် အေးမြဖြူကတော့ ဒီနေ့ရဲ့ သီချင်းနှစ်ပုဒ် သီဆိုမှုမှာ “မြန်မာရုပ်ရှင် ဇာတ်ဝင်တေးသီချင်း”နဲ့ ယှဉ်ပြိုင်ချိန်မှာလည်း “မျက်ဝန်းလဲ့ပြာပြာ”လို့ အမည်ရတဲ့ (၁၉၇၀)ခုနှစ်ဝန်းကျင်က မြန်မာသံစဉ် သီချင်းကြီး တစ်ပုဒ်နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။အကယ်ဒမီများရှင် သရုပ်ဆောင် ဒါရိုက်တာ ဦးဝင်းဦးကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ နာမည်ကြီး “မှုံရွှေရည်” ဇာတ်ကားကြီးထဲက ဇာတ်ဝင်တေးဖြစ်တဲ့ ဒီသီချင်းကြီး အေးမြဖြူက အပိုင်င်နိုင်ဆုံး အကောင်းမွန်ဆုံး သီဆိုယှဉ်ပြိုင်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။

“စိတ်ခွန်အားဖြစ်စေတဲ့ သီချင်း”နဲ့ သီဆိုယှဉ်ပြိုင်ချိန်မှာလည်း “ကောင်းကင်မေမေ” သီချင်းဖြင့်သီဆိုယှဉ်ပြိုင်ချိန်မှာလည်း မထင်မှတ်ထားလောက်အောင် Key ချိန်းသီဆိုသွားမှုမှာ ပိုင်နိုင်လွန်းခဲ့တာကြောင့် ဒိုင်တစ်ဦးဖြစ်တဲ့ တင်ဇာမော် ကိုယ်တိုင်ကတောင် အငိုက်မိခဲ့ရတယ်ဆိုပြီး ဝန်ခံခဲ့ရတာပဲဖြစ်ပါတယ်။ဦးအောင်ကိုလတ်ကလည်း သီဆိုဖျော်ဖြေခဲ့တဲ့ နှစ်ပုဒ်မှာ ခံစားမှုရသနှစ်မျိုး ပေးနိုင်ခဲ့တယ် လို ချီးကျူးခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေရော မနေ့ညကသီဆို ယှဉ်ပြိုင်မှုမှာ အေးမြဖြူရဲ့ သီဆိုမှုကို ကျေနပ်အားရမှုရှိကြရဲ့လား

Source – Cele Family