အေ မရိကန္နိုင္ငံ ကယ်လီဖိုးနီယားပြည်နယ်မှ အသက် ၅၃ နှစ်အရွယ်ရှိ ပက်ထရီ အမည်ရအမျိုးသားတစ်ယောက်ရဲ့အဖြစ်ဟာ ကြားလိုက်တဲ့သူတွေ ငိုအားထက်ရယ်အားသန်စေတယ်လို့ ဆိုရမှာပါ။

ဘာကြောင့်ဆိုတော့ သူဟာ ဇနီးသည်ဖြစ်သူ နဲ့ ချစ်တင်းနှော၊ ပျော်ပါးဖို့ ပြောဆိုရာမှာ ဇနီးဖြစ်သူ ငြင်းဆန်မူများကို မကျေနပ်သဖြင့် ရဲများထံ တိုင်တန်းမူများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရဲများရောက်ရှိလာပြီး အကျိုးအကြောင်းမေးမြန်တဲ့အခါမှာတော့ ဇနီးဖြစ်သူကမူ “ခင်ပွန်းဖြစ်သူမှာ တစ်နေကုန် အရက်သောက်လျက်ရှိနေသူဖြစ်ပြီး အိမ်ကို ဘယ်အချိန်တည်းက ပြန်ရောက်လာတယ်လို့ ဆိုတာမသိခဲ့ဘူး” လို့ ပြေဆိုပါတယ်။

၎င်းမှာ ညဥ့်နက်ချိန်မှာ မူးမူးနဲ့ နေအိမ်ကို ရောက်ရှိလာပြီး ဇနီးသည်အိပ်တဲ့အိပ်ရာပေါ်ကိုတက်ခဲ့ရာ ဇနီးသည်မှ ငြင်းဆန်မူများ ပြုလုပ်သဖြင့် တိုင်တန်းခဲ့ခြင်းဖြစ်သော်လည်း ရဲများကို အလုပ်ပျက်အောင်လုပ်ဆောင်မူများကြောင့် ဒဏ်ငွေဆောင်ခဲ့ရကြောင်း သိရပါတယ်။

Crd:HULK (XYZ News)