Myanmar Idol Seaso n(4)ပြိုင်ပွဲဝင်များဖြစ်ကြ တဲ့ ​နော်​စေး​စေးထူး၊ အက်စတာနဲ့ ဘင်ဂျမင်ဆုမ်းတို့သုံး​ယောက်ကို​တော့ ပရိသတ်​တွေနဲ့ အထူးတလည်မိတ်ဆက်​ပေးဖို့​မလို​လောက်ဘူးထင်ပါတယ်​နော်။ သူတို့သုံး​ယောက်ဟာဆိုရင် တခြားပြိုင်ပွဲဝင်များထက် ပိုပြီးစည်းလုံးပြီး အမြဲ​ပျော်​ပျော်ရွှင်ရွှင်နဲ့စ​နောက်​တတ်ကြပါတယ်။ တကယ့်​မောင်နှမအရင်း​တွေလိုချစ်ခင်ကြတာပဲဖြစ်ပါတယ်။ သူတို့သုံး​ယောက်စလုံးက​တော့ အသံပါဝါအား​ကောင်းတဲ့ တက်သစ်စကြယ်ပွင့်​လေးတစ်လက်​တွေဆိုလည်းမမှား​လောက်ပါဘူး​နော်။

နော်​စေး​စေးထူးက​တော့ သူရဲ့သူငယ်ချင်း​တွေနဲ့​တွေ့ဆုံတိုင်း liveလွင့်​ပေးပြီး ​​ဆေးထိုးထားတဲ့ဗီဒီယိုဖိုင်​လေး​တွေနဲ့ snap ပုံ​လေး​တွေကို တင်​ပေး​လေ့ရှိသူတစ်ဦးပဲဖြစ်ပါတယ်။ မတ်လ(၁၅)ရက်​နေ့မှာ​ ​နော်​စေးတစ်​ယောက်က​တော့ “ချစ်သောအက်စေးben၏WeweလေးများVideoကျိပြီးပျော်ရွှင်ဖို့အတွက်တင်ခြင်းဖြစ်ပါတယ်။weweလေးများသဘောကျရင်တခုခုcomတွေပေးသွားပါနော်။စိတ်မဆိုးရဘူးနော် ben&အက် ပုံ/စေးဂျင်း”ဟုဆိုကာ အက်စတာနဲ့ Benကို​ဆေးထိုးထားတဲ့video​လေး​ကို သူမရဲ့လူမှု​ကွန်ယက်စာမျက်နှာ​ပေါ်တွင်တင်လာခဲ့တာပဲဖြစ်ပါတယ်။ ​နော်​စေး​ဆေးထိုးလိုက်တဲ့video​လေး​တွေကို အက်စတာနဲ့ benစိတ်မဆိုးနဲ့လို့​ပြောပြီး ပရိသတ်​တွေကို ​ပျော်ရွှင်​စေချင်တာ​ကြောင့် သူမတို့​မောင်နှမသုံး​ယောက်​ရဲ့ video​ဖိုင်​လေးကိုတင်​ပေးလိုက်တာပါပဲ​။ နော်​စေးက​တော့ ပြိုင်ပွဲပြီးကတည်းက အပြင်မှာသပ်သပ်​တွေ့ဖို့ကခက်ခဲတာ​ကြောင့် ​ဖျော်​ဖြေ​ရေးပွဲ​တွေမှာဆုံတုန်း​လေးကို video​လေးရိုက်ပြီး​ဆေးထိုးလိုက်ခြင်းဖြစ်ပါတယ်။

ပရိသတ်​တွေအတွက် ​နော်​စေးရဲ့ အက်​စေးbenသူတို့သုံး​ယောက်ရဲ့ ဟာသဗီဒီယိုဖိုင်​လေးကိုပြန်လည်ပြီးမျှ​ဝေ​ပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ​နော်​စေးတို့သုံး​ယောက်စလုံးကိုချစ်တယ်ဆိုရင် မှတ်ချက်​လေး​ပေး​ပေးခဲ့ကြပါ​နော်။

Credit(CeleConnections)