စုဗူးေ လးတွေထဲက ကျခဲ့ရတဲ့ဝမ်းနည်းမျက်ရည်တွေပါ…စာလေးဖတ်ကြည့်လိုက်ပါ….

“ပြီးခဲ့တဲ့ ၃ ရက်ကပေါ့ ကျမ နေ့စဉ်နေ့တိုင်းသွားနေကျမြတ်စောညီနောင် ဘုရားမှာကိုရင်လေးတွေအုပ်စုစုဗူး လေးတွေပွေ့လို့ ပြေးလွှားပြီးလာကြတာ။ကိုရင် တို့စုဘူးတွေနဲ့ဘာလုပ်တာလဲလို့ မေးတော့တပေါင်းပွဲ ကျရင် ရီမု ကားလေးတွေ ဝယ်ချင်လို့တဲ့တပည့်တော်ကိုပြပါအုံးတစ်ပါး ဘယ်လောက်တောင်ရပြီလဲ မေးတော့ ပြကြတယ်။

အထဲကို မျက်စိလေးတစ်ဖက်မှိတ်ပြီးချောင်းကြည့်လိုက်တော့ တော်တော်နဲ့ခေါင်းပြန်မမော့နိုင်ဘူး ရင်ထဲမှာ အလုံးကြီးစို့တက်ပြီးမျက်ရည်တွေ ထိန်းလို့မရအောင်ကျမိတယ်…

ဘာလို့ကျမိလဲဆိုတော့ မြင်လိုက်ရတဲ့ စုဗူးလေးထဲကဟောင်းနွမ်းစုတ်ပျက်နေတဲ့ ၅၀ တန်လေးတစ်ရွက်ကြောင့်ပါဘဲ။

ဘယ်လိုလုပ်များ ရီမု ကားလေးတွေဝယ်ကြမှာလဲ မြတ်စောညီနောင်ဘုရားမှာတပေါင်းပွဲတော်ကြီးကလည်း နီးနေပြီလေ ရင်ထဲမှာ ပြောမပြတက်အောင်ခံစားခဲ့ရပါတယ်။

အဲ့ဒါနဲ့ဘဲ ကိုရင်လေးတွေကိုခေါ်ပြီးကိုရင်တို့ သောကြာ နေ့လည် ၁၂ နာရီ ကျရင်ဒီဆိုင်လေးမှာ လာစောင့်နေ တပည့်တော်ရီမုကားတွေ ဝယ်ပီးလာခဲ့မယ်လို့မှာခဲ့လိုက်ပါတယ်။

ဖြစ်ချင်တော့ သောကြာ နေ့ နေ့လည်မှာအခမ်းနားတစ်ခုတက်ရောက်ဖို့မမျှော်လင့်ဘဲပေါ်လာပါတယ်။

ကျမလည်း ကိုရင်လေးတွေစောင့်နေမှာစိုးလို့၁၀ နာရီလောက်မှာကြိုပြီးဖုန်းဆက်လိုက်တယ်..ဒီနေ့ မကြွလာဖို့ မနက်ဖြန် စနေ နေ့မှလာမယ်ပြောတော့ ကိုရင်လေးတွေ မနက်ထဲကရောက်နေကြတာတဲ့ စိတ်ထဲလည်းမကောင်းဘူးဘယ်လိုမှလည်းသွားလို့မရဘူးပေါ့။

ဒီနေ့တော့ စနေ နေ့ ဖိတ်ထားတဲ့သွားစရာရှိတဲ့အခမ်းနားပွဲတွေသွားပြီး ဘုရားကိုတန်းသွား တာပေါ့ ကျမ ကားကိုမြင်တော့အဝေးကြီးကနေပြေးလာကြတာဒကာမကြီး လာပြီဟေးး ဆိုပြီးတော့သင်္ကန်းလေးတွေ ဖရိုဖရဲ နဲ့ ပေါ့။

မျက်နှာလေးတွေပေါ်မှာ ချွေးလေးတွေစို့၊နှပ်ချီးလေးတွေထွက် ၊ ဂျီးကြောင်း လေးတွေမဲတူးနေပေမယ့် ချစ်စရာအပြုံးလေးတွေကရင်ထဲကိုကြည်နူးပီတိဖြစ်စွာနဲ့ဝင်ရောက်လာခဲ့ပါတယ်

မျှော်လင့်ချက်မျက်လုံးလေးတွေကနေပြီးပျှော်ရွှင်ကြည်းနူးသွားကြတဲ့မျက်လုံးတွေအဖြစ်ပြောင်းလဲသွားကြတာလေ။
အဲ့ဒီလို ကြည်နူးပီတိဖြစ်နေကြတဲ့ချစ်စရာမျက်လုံးလေးတွေကိုကျမ တစ်သက်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး ။

ကိုရင်လေးတွေကြည်နူးပီတိဖြစ်နေတာကိုကြည့်ရင်းရင်ထဲကနေ တစ်ခုတော့ ဆုတောင်းမိလိုက်ပါတယ် ။

ရှင်သာမဏေ ကိုရင်လေးတွေ ကစပြီးရဟန်း သံဃာ ဆရာတော်ကြီးများအားလုံးသာသနာ့ဘောင်မှာကြည်နူးပျော်ရွှင်မှု့များစွာနဲ့အစဉ်အမြဲ ပျော်ရွှင်စွာသာသနာပြုနိုင်ကြပါစေလို့”

ကိုရင်လေးတွေကို မိခင်အရင်းပမာလိုချစ်ခင်ရိုသေရှောက်စောင့်၍ ပျော်ရွှင်မှုတွေကိုပေးပါသော ဒကာမကြီးတစ်ယောက်လဲလိုရာဆန္ဒအဝဝပြည့်စုံပါလျှက် ဘဝမှာကျန်းမာချမ်းသာပျော်ရွှင်သာယာနိုင်ပါစေ…

Credit
Writer ; Kwee (Jeeptoolay)

Source ; မာဃအရှင် (အညာမြေ)