မိ ဘကျေးဇူး မြင့်မိုရ်ဦး…မိဘကျေးဇူးဟာ အနှိုင်းမဲ့မို့ အဖေအမေကို ရိုသေလေးစား အလေးထား၍ လုပ်ကျွေးပြုသင့်ကြောင်း ဘယ်လိုတွေဟောဟော ဘယ်လိုတွေပြောပြော မသိတတ်တဲ့သားသမီးတွေကလည်း လောကမှာ ရှိမြဲပါပဲ။မိဘကြောင့် သားသမီးဒုက္ခရောက်တယ်ဆိုတာ မရှိသလောက် ရှားပေမယ့်. .သားသမီးတွေဒုက္ခပေးလို့ မိဘတွေ ရတက်မအေး သောကပွေကာ ဒုက္ခရောက်ကြရတာ ဒုနဲ့ဒေးပါပဲ။ယခုလည်း ကြားရကြားရ နားဝမချမ်းသာတဲ့ကိန်း. . သားသမီးနဲ့သမက်က နှိပ်စက်လွန်းလို့ ၇၈နှစ်အရွယ် အဘိုးခမျာ ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့အထိ ကြံရွယ်စိတ်ဒုက္ခရောက်နေလို့ ဘိုးဘွားများ ခိုလှုံရာရိပ်သာတစ်ခုက ကယ်တင်ဖေးမ ခေါ်ယူစောင့်ရှောက်ရသတဲ့. ။သတင်းအပြည့်အစုံမှာ. .

သား သမီး နဲ့ သားမက် နှိပ်စက်ဒဏ်မခံနိုင်လို့ မိမိကိုယ် သေကြောင်းကြံစည်ဖို့ထိလုပ်နေတဲ့ ထားဝယ်မှ အသက်(၈၇)နှစ်အရွယ် အဘိုးအား မြဆည်းဆာမှ ခေါ်ယူစောင့်ရှောက် . .

ထားဝယ်မြို့ ဇဗ္မူသီရိလူမှုကယ်ဆယ်ရေးအဖွဲ့မှ ချိတ်ဆက်လာ၍ အဘိုအား ထားဝယ်မြို့မှ ခေါ်ဆောင်လာပြီး ခိုကိုးရာမဲ့ အဘိုးအဘွား တွေကိုစောင့်ရှောက်ပေးနေတဲ့ မော်လမြိုင်”မြဆည်းဆာ”ဘိုးဘွားများ ခိုလှုံရာ ရိပ်သာရဲ့ ရင်ခွင်မှာ ခိုလှုံစေခဲ့ပါပြီ။အဘိုးနာမည်က – ဦးကြည်လှိုင် အသက်က (၈၇) နှစ် ထားဝယ်မြို့ ကျောက်နီမော် ရွာကပါ။အလုပ်အကိုင်က ငါဖမ်းလှေစက်ပြင်ဆရာ လုပ်ခဲ့တာဟု သိရပါတယ်။သားသမီး(၅)ယောက်ရှိပြီး သားတစ်ယောက် သမီး(၄)ယောက် ရှိပါတယ်။ သားသမီး(၃)ယောက်က လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြသည်ဟု ပြောပါသည်။ ထားဝယ်မှာ သမီး ၂ ယောက်ရှိပြီး သမီးကြီးဖြစ်သူနဲ့ အတူနေထိုင်ပါတယ်။

အဖိုးပြောချက်အရ နေ့စဉ် သားမက်က သောက်စားလာပြီးရင် အမြဲတမ်းဆူပူ အော်ဟစ်မောင်းချတယ်။ သမီးကလည်း ဘာမှမပြောဘူး။ကြာလာတော့ စိတ်ညစ်ညူးမှုဒဏ် မခံနိုင်လို့ အိမ်က ထွက်လာပြီး မိမိကိုယ် သေကြောင်းကြံဖို့ထိတောင် လုပ်ခဲ့ပါတယ်။နောက်ဆုံး ထာဝယ်မြို့ ဇဗ္မူသီရိ လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖိုးအား ကူညီစောင့်ရှောက်ထားပြီး ထားဝယ်မြို့ဘိုးဘွားရိပ်သာသို့ ပို့ဆောင် ပေးပေမဲ့ စည်းကမ်းချက်တွေအရ လက်ခံမရသဖြင့် မြဆည်းဆာ ထံ အကြောင်းကြားဆက်သွယ်လာပါတယ်။ကျွန်တော်တို့လည်း အဖိုးရဲ့ သားသမီး မိဘဆွေမျိုးတွေကို အကြောင်းကြားပေးပါ။ သူတို့က နေဖို့ ခွှင့်ပြုရင်လက်ခံပေးမယ်လို့ အကြောင်းပြန်ခဲ့ပြီး ဇဗ္မူသီရိအဖွဲ့မှ အဖိုးရဲ့သားသမီးတွေဆီ အကြောင်းကြားဆက်သွယ်ခဲ့ရာ သားသမီးတွေ ရောက်လာပြီး လာပြန်ခေါ်ပေမယ့်

အဖိုးမှ လုံးဝပြန်မလိုက်တော့ပဲ အတင်းငြင်းနေသဖြင့် နောက်ဆုံး သားသမီးတွေထံမှ ရိပ်သာမှာနေတာကို ခွင့်ပြုဖို့ လက်မှတ်ထိုးပေးခဲ့သဖြင့် မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားများခိုလှုံရာ ရိပ်သာမှ အဖိုးအား ခေါ်ဆောင် လက်ခံ စောင့်ရှောက်ပေးထားလိုက်ပါပြီ။ခုဆို အဖိုးရောက်တာ တပတ် ပြည့်ပါတော့မယ်။ အဖိုးမှ အရမ်းပျော်ရွှင် နေပါပြီ။ သူ့ဘဝရဲ့ နောင်ရေးအေးအောင် ခိုလှုံခွှင့်ပေးခဲ့တဲ့ မြဆည်းဆာ ဆရာတော်နဲ့ ကျွန်တော်တို့ မြဆည်းဆာ အဖွဲ့သားတွေကိုလည်း အဖိုးမှ အရမ်းကျေးဇူးတင်နေပါပြီ။ အဖိုး နောင်ရေး စိတ်အေးလို့ရပါပြီ အဖိုးရေ. .။မြဆည်းဆာ ဘိုးဘွားများခိုလှုံရာရိပ်သာ မော်လမြိုင်-ကျိုက်မရောသွားလမ်း အား/ကာသိပ္ပံအလွန် မုရောင်းကျေးရွာ မော်လမြိုင်မြို့ မွန်ပြည်နယ်။

Credit
Source:ZinMoe