ရုပ် ရှင် သရုပ်ဆောင်အကယ်ဒမီခင်ဇာခြည်ကျော်ကတော့ သားတစ်ယောက် သမီးတစ်ယောက်ကိုမွေးဖွားထားပြီး ကလေးတွေကလည်း ဆယ်ကျော်သက်အရွယ်ကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။ဘုန်းမင်းနေလနဲ့ထင်သစ္စာတို့မောင်နှမနှစ်ယောက်ကလည်း မေမေ့ရဲ့သွေးအပြည့်ပါလို့ အနုပညာအလုပ်တွေကိုတော့ မောင်နှမနှစ်ယောက်လုံးလုပ်ကိုင်ကြပါတယ်နော်။

ဘု န်း မင်းနေလကတော့ စင်ကာပူမှာလည်းကျောင်းတက်နေရတာကြောင့် ပြန်လာတဲ့အချိန်လေးမှာပဲ အနုပညာအလုပ်တွေကိုတတ်နိုင်သလောက်လုပ်ဆောင်နေတာပါ။မေမေခင်ဇာခြည်ကျော်ကလည်း သားနဲ့သမီးကိုအစွမ်းကုန်ပံ့ပိုးပေးပြီး ဖြည်းဆည်းပေးတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ထင်သစ္စာကတော့ မေမေနဲ့အတူ ပွဲအခမ်းအနားတွေတက်ရောက်ပြီး ကြော်ငြာလေးတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။

အခုဆိုရင်တော့ သမီးလိမ္မာလေးထင်သစ္စာက မနက်အစောကြီးထပြီး မေမေနဲ့အတူ (၃၅)ကြိမ်မြောက် ဗောဓိညောင် ၁၀ ပင် အဓိဌာန်ဝင်ပြီး ကုသိုလ်ယူနေတာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ကတော့ နံနက်(၄)နာရီ(၄၅)မိနစ်မှာ သန့်ရှင်းစင်ကြယ်တဲ့အဖြူရောင်ဝတ်စုံလေးတွေကိုဝတ်ဆင်ပြီး ကုသိုလ်ယူနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source – Cele Family