ပ ရိသတ်ကြီးရေ မြန်မာပရိသတ်သာမက ထိုင်းမလေးတွေရဲ့ အသည်းစွဲ ပိုင်တံခွန်ရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။ ” ထိုင်းသံတမန်အဖြစ် ” လည်း လက်ရှိအစိုးရမှ ခန့်အပ်ထားသူဖြစ်ပါတယ်။ ပိုင်တံခွန်ကိုဆို မကြွေတဲ့ မိန်းကလေးတွေ မရှိသလောက်ပါပဲနော်။ ဟုတ်တယ်မို့လား။

သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရန်ကုန်ဆေးရုံကြီးမှတာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာအောင်ဇော်လင်းဆိုတဲ့ အကောင့်ပိုင်ရှင်က”Covid 19 စမတွေ့သေးပေမယ့် တွေ့လိုက်ရင် မြန်မာ အစိုးရဆေးရုံတွေက ဆရာဝန် ဆရာမတွေ ဘဝ က ရှေ့တန်းထွက်တဲ့ စစ်သည်တွေထက်တောင် သတ္တိ ရှိရှိ စိတ်ဓါတ် ပြင်းပြင်းနဲ့ ကြံ့ကြံ့ခံရမယ်ဆိုတာ ရိပ်မိကြတော့ ပြည်သူတွေက တတ်နိုင် သလောက် ဝန်းရံအားပေးကြပါတယ်။

အခုလည်း ထိုင်းနိုင်ငံမှာ ကြေငြာနဲ့ ကားရိုက်ရောက်နေတဲ့ အနုပညာလောက က ရင်းနှီး ခင်မင်နေတဲ့ ‘ပိုင်တံခွန်’ က ရန်ကုန် တောင်ဥက္ကလာ ကလေးအထူးကုဆေးရုံကြီးက ကလေးတွေအတွက် အမေရိကန်လုပ် အသက်ရှူစက်တစ်လုံး သိန်း( ၃၀၀ )ခန့်နဲ့ (၅၀ )သိန်းတန်ဖိုးရှိကာကွယ်ရေး ဝတ်စုံများ PPE စုစုပေါင်း (၃၅၀ )သိန်းဖိုး လှူဒါန်းပါတယ်။ ပိုင်တံခွန်ဟာ ခါတိုင်းလည်း ကလေးတွေ လိုတာရှိရင် ဖုန်းဆက်တာနဲ့ ချက်ခြင်း ပြေးလာလှူတတ်သူပါ။ မိဘအပေါ်လည်း သားသမီးကျေပွန်စွာ သီတင်းကျွတ်တုန်းကလည်း သိန်း(၄၅၀) ကန်တော့ခဲ့တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း မိန်းကလေးတွေရဲ့ အသည်းကို လှုပ်ကိုင်နိုင်တဲ့ သူတစ်ယောက်ဖြစ်တာ မလွဲနိုင်ပါဘူး…. သာဓု သာဓု သာဓု..

Credit