ခိုင် သင်းကြည်ကတော့ သရုပ်ဆောင်လည်းအရမ်းကောင်းသလို ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ယနေ့အချိန်ထိတိုင် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ခိုင်သင်းကြည်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့
ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း လတ်တလောမှာ ရုံတင်နေတာဖြစ်လို့ ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံကြပါတယ်နော်။ ခိုင်သင်းကြည်ကိုတော့ မခိုင်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့သွက်လက်ပွင့်လင်းလွန်းတဲ့စိတ်လေးကို
ပရိသတ်တွေကချစ်နေရတာဖြစ်ပါတယ်။ယနေ့ထိတိုင်လည်း နုပျိုလှပနေဆဲဖြစ်လို့ သူမရဲ့တစ်ဦးတည်းသောသမီးလေးနဲ့တောင် ညီအစ်မတွေလို့ ထင်မှတ်နေရတာဖြစ်ပါတယ်။ပရိသတ်တွေက မခိုင်လေးရဲ့သာယာနွေးထွေးတဲ့မိသားစုဘဝလေးကိုလည်း
အားကျနေကြတာဖြစ်လို့ ပျော်စရာမိသားစုပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်နော်။ မခိုင်လေးကတော့ အနုပညာအလုပ်ကိုလည်းကြိုးစားလုပ်ဆောင်သလို မိသားစုကိုလည်း အချိန်ပေးပြီးဂရုစိုက်စောင့်ရှောက်ပေးပါတယ်နော်။အခုဆိုရင်လည်း
ခိုင်သင်းကြည်က သမီးချောလေးစံထိပ်ထားဦးနဲ့အတူ အပြင်မှာ ညစာထွက်စားကြပြီး သားအမိနှစ်ယောက်ပျော်ရွှင်နေကြတာဖြစ်ပါတယ်။မခိုင်လေးတို့သားအမိနှစ်ယောက်ကတော့ အတူသွား၊အတူစားနဲ့ အဖော်ရနေကြတဲ့ ချစ်စရာသားအမိလေးပါနော်။