ပုံ ထဲမှာ အိပ်နေတဲ့ သူကWuchang ယာယီဆေးရုံမှာ နောက်ဆုံးည တာဝန် ကျတဲ့ ဆရာဝန် ဖြစ်ပြီး ၁၄ ခုမြောက် ပိတ်သိမ်းတော့မယ့်ယာယီဆေးရုံလည်းဖြစ်ပါတယ်(လူနာတွေအတွက် စီစဉ်ထားတဲ့ နေရာထိုင်ခင်းကအစ တာဝန်ကျေလွန်းတယ်လို့ ခံစားရတယ်။)

အီရန်ကတော့ အခု သောကြာမှာ ရောဂါကူးစက်ခံရသူ၁၁၀၀၀ ကျော်သွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်။ဒီလောက်များပြားတဲ့ လူနာတွေကို
သီးသန့်ထားဘို့ ခန်းမတွေ အားကစားရုံတွေကို ယာယီဆေးရုံအဖြစ် ပြောင်းလဲ ဆောင်ရွက်မယ်လို့ ဒေသအသီးသီးက တာဝန်ရှိသူတွေကကြေညာပါတယ်

အီရန် အနောက်မြောက်ပိုင်း West Azerbaijan မှာကုတင်၂၀၀ ဆန့် ယာယီဆေးရုံ ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။

အစ္စရေးမှာတော့ ကူးစက်ခံထားရသူ၁၉ ယောက်ကနေ သောကြာနေ့မှာ တရာကျော်အထိ တိုးမြင့်လာပြီးဆရာဝန်နဲ့ ဆေးလုပ်သားပေါ်င်း ၂၀၀၀ ကျော်ကိုလည်း တိုးမြှငိ့ခဲ့ပါတယ်။

သောကြာနေ့မှာ အစ္စရေးကာကွယ်ရေးဝန်ကြီးကယာယီဆေးရုံနဲ့ အလားတူ တည်ဆောက်ပြီးအဖွဲ့သုံးဖွဲ့ ထားစောင့်ကြည့်သွားမယ်လို့ ပြောပါတယ်အဲဒါအပြင် ဟိုတယ်တွေနဲ့ ကျောင်းအလွတ်တွေမှာလည်း ယာယီဆေးရုံသဘောမျိုး ပြုလုပ်သွားမယ်လို့ ပြောတယ်။

စတင်ဖြစ်ပွားခဲ့ရာ ဝူဟန်မှာတော့ အခုဆိုရင် ကုတင် တသောင်းခန့် နေရာလွတ် သွားခဲ့ပြီ ဖြစ်ပြီးWuchang မှာတော့သေဆုံးသူဦးရေ မရှိသလောက်လျော့နည်းသွားပါပြီ ။အဲ့ဒါအပြင် ကုသပေးတဲ့ ဆေးလုပ်သား တွေလည်း အကုန်လုံး အန္တရယ်ကင်းကြတယ်လို့ ပြောပါတယ်။

အချိန်နဲ့ တပြေးညီ ယာယီဆေးရုံတွေကို ဆောက်လုပ်နိုင်ခြင်းကလည်း ကုတင်မလုံလောက်တာတွေ နေရာအခက်အခဲတွေကို ပြေလည်စေပြီး ကူးစက်ပြန့်ပွားမှု့ကို ဟန့်တားရာမှာ အရေးကြီးတဲ့ အချက်ဘဲလို့ ဆိုပါတယ်။တရုတ်က သူ့ ဇတ်တော့သူနိုင်အောင် ကပြလိုက်ပါတယ်

ဒီတော့ ကျွန်မတ်ု့ဆီမှာ မရှိဘူး မဖြစ်ဘူးလို့သွေးအေးမနေဘဲ ယာယီဆေးရုံတွေကို အချိန်နဲ့ တပြေးညီ ပြုလုပ်နိုင်ဘို့ လူကြီးမင်းတွေ စဉ်းစားပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်မိတယ်။

source CGTN

Translated by MYM