မြန် မာအိုင်ဒေါလ် အဆိုပြိုင်ပွဲကနေ တဆင့် ပရိသတ် အသိအမှတ်ပြုပြီး လူကြိုက်များလာတဲ့ အေးမြဖြူတယော်ကိုတော့ လက်ရှိအချိန်မှာ တော်တော်များများလည်း သိကြမယ် ထင်ပါတယ်။ အေးမြဖြူကတော့ ပြိုင်ပွဲတစ်လျှောက် ပရိသတ် အချစ်တွေကို သိမ်းပိုက်သွားပြီး လူကြိုက်များခဲ့တဲ့ပြိုင်ပွဲတင် တစ်ယောက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အေးမြဖြူကတော့ ယင်းအဆိုပြိုင်ပွဲမှာမှ မဟုတ်ပဲ သူကလေးဘဝကတည်က သီချင်းတွေ ဆိုလာခဲ့ပြီး အားပေးတဲ့ ပရိသတ်တွေ ရှိခဲ့ပြီးသား ဖြစ်ပါတယ်။ လူချစ်လူခင် ပေါများတဲ့အေးမြဖြူတစ်ယောက် ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်နေရပြီး ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့အေးမြဖြူတစ်ယောက် သူ့အတွက် နောက်ထပ် ရုပ်ရှင်ကားကြီးကို ပါဝင်ရိုက်ကူးမယ့် အကြောင်းကိုတော့ သူ့ဖေ့ဘုတ်အကောင့်မှာ တင်ထားတာ ဖြစ်ပါတယ်။ အေးမြဖြူကတော့ ” နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးပါ အကောင်းဆုံး ကြိုးစားပါ့မယ်” ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။

အေးမြဖြူကတော့ ဒီကားမတိုင်ခင် ရှေ့မှာလည်း ရုပ်ရှင်ကားကြီး ရိုက်ခဲ့ရပြီး ဒါကတော့ နောက်ထပ်တကားလို့ ဆိုရမှာပါ။ ကားနာမည်ကတော့ မြကေခိုင်မင်ရည်လဲ့ ဆိုတဲ့ဇာတ်ကားဖြစ်ပြီး နာမည်ကြိးများစွာနဲ့ ရိုက်ကူးရမှာ ဖြစ်ပါတယ်။

Credit-CeleChannel