ဝိုင်း စုခိုင်သိန်းလို့ဆိုလိုက်တာနဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုတော်တစ်ဦးဆိုတာ ပရိသတ်တွေသိကြမှာပါ။အသံအေးအေးလေးနဲ့ အလွမ်းအဆွေးသီချင်းလေးတွေကိုသီဆိုကာ ပရိသတ်တွေရင်နဲ့ထပ်တူကျတဲ့သီချင်းကောင်းတွေကို ဖန်တီးနိုင်သူလည်း ဖြစ်ပါတယ်။

လ က် ရှိမှာ နွားကျောင်းသူ ဆိုတဲ့ အယ်လ်ဘမ်ကို ထွက်ရှိထားတာဖြစ်ပြီး Music Video တွေကိုလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။အယ်လ်ဘမ်အသစ်ထွက်လာတိုင်း ပရိသတ်တွေရဲ့အားပေးမှုတွေကို ရလေ့ရှိတဲ့သူတစ်ယောက်ဖြစ်သလို Music Video တွေကိုလည်း ဘယ်လိုပုံစံနဲ့ထွက်ရှိလာမယ်ဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။အခုလည်း Music Video တွေရိုက်ကူးနေတဲ့အကြောင်းကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။

အောင်လနဲ့အတူ ဂျုံခင်းထဲမှာရိုက်ကူးထားတဲ့ Music Video လေး အကြောင်းကိုလည်း တင်ထားပါတယ်။သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒါလေးက ဘယ်သီချင်းရဲ့ Music Video ရိုက်ထားတဲ့ ပုံလေးတွေလည်းလို့ မှန်အောင်ဖြေကြည့်နော်” လို့ရေးသားထားတာပါ။သူတို့နှစ်ဦးလိုက်ဖက်ညီညီသရုပ်ဆောင်ထားတာ ဘယ်သီချင်းဖြစ်မလဲနော်….

Credit-CeleGabar