AAC အဖွဲ့နာမည် အသုံးချပြီး မြန်မာလုပ်သားများအပေါ်ငွေလိမ်စားနေသောပွဲစားတစ်ဦးအား AAC အဖွဲ့မှ ဖမ်းဆီးနိင်ခဲ့ပါတယ်။

အောင် နိင်စိုး ခ မြင့်စိုးဦး ခ စိုးသူ အသက် ၂၅ နှစ် ဟာ နာမည်အမျိုးမျိုးနဲ့ ထိုင်းနိင်ငံအနှံ လိုက်လိမ်စားနေသူဖြစ်ပြီးပဲခူးတိုင်း ဖြူး မြို့နယ် ဝဲဒေါင့်ကျေးရွာ ဦးသန်းဝင်း ဒေါ်ညိုတို့၏ သားဖြစ်ပြီး ဌင်းရဲ့ မိန်းမဖြစ်သူကတော့ မြဝတီမြို့နယ်အင်ကြင်းမြိုင်ကျေးရွာနေ မသွယ်သွယ်ဦး ခ သွယ်သွယ်အောင် ဖြစ်တယ် လို့သိရပြီး ထိုင်းမှာ လိုက်လိမ်လို့ရတဲ့ငွေကြေးများအားမိန်းမဖြစ်သူထံပို့ပေးနေတယ် လို့ တရားခံဖြစ်သူ နာမည်သုံးမျိုးနဲ့ တစ်ကိုယ်တော် လူလိမ်က ဝန်ခံပြောပြပါတယ်။

မြန်မာ အလုပ်သမားများအား အယုံသွင်းပြီး ငွေများချေးယူခြင်း ပတ်စပို့စ်လုပ်ပေးမယ် CI စာအုပ်အစိမ်းရောင်လုပ်ပေးမယ် ဆိုပြီး ငွေများကြိုတင်ကောက်ခံခြင်း စသည်များ လိမ်ညာပြောဆိုပြီး မြန်မာလုပ်သားများကို လိမ်လည်နေသူဖြစ်ပါသည်။

ပုံ- ဖမ်းဆီးမိသော တရားခံအား ထိုင်းရဲလက်ထဲမအပ်ခင် အလိမ်ခံရသူများအပါအဝင် AACအဖွဲ့ဝင်များနှင့် အတူတွေ့ရစဉ် ..

မှတ်ချက်။ ။ AAC အဖွဲ့ နာမည် အသုံးချပြီး လိမ်လည်နေသောသူများ များစွာရှိနေပါတယ် သတင်းရရှိပါက AAC အဖွဲ့ထံ အမြန်ဆုံးသတင်းပို့တိုင်ကြားကြပါ။

12-3-2017

မဟာချိုင် ဘန်ထု့လပ်နယ်မြေ

AAC မဟာမိတ် အဖွဲ့