ဥေ ရာပတိုက် မှာ အီတလီပြီးရင် ကိုရိုနာဗိုင်းရဗ်စ်ကူးစက်မူဒဏ်ကို အဆိုးရွားဆုံးခံစားနေရပြီဖြစတဲ့ စပိန်နိုင်ငံမှာ ဝန်ကြီးချုပ်ကတော် Begona Gomez လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုသတင်းထုတ်ပြန်လိုက်ပါပြီ။စပိန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လူနာသစ် ၂၀၀၀ နီးပါတိုးလာတဲ့အတွက် ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၆၀၀၀ နီးပါး အထိရှိလာပြီဖြစ်ပါတယ်။

ဒါကြောင့် စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်အခြေအနေအဖြစ်ကြေညာပြီး စပိန်တစ်နိုင်ငံလုံးကို အဝင်အထွက်ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါ့ကြောင့်စပိန် နိုင်ငံ ပြည်သူတွေအနေနဲ့ အစားအသောက်နဲ့ ဆေးဝါးဝယ်ဖို့၊ ဆေးခန်းသွားဖို့နဲ့မဖြစ်မနေကိစ္စကြုံမှသာ အိမ်ကနေ ထွက်ခွင့်ပြုမှာဖြစ်ပြီးကျန်တဲ့အချိန်တွေ အိမ်မှာသာနေဖို့ညွန်းကြားထာတာဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ စပိန်နိုင့်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၆ ဦးအထိရှိလာတဲ့အတွက် တရုတ်၊ အီတလီ၊ အီရန်နဲ့ တောင်ကိုရီးယားပြီးရင် စပိန်နိုင်ငံက ရောဂါကြောင့်သေဆုံးသူအများဆုံး ပဉ္စမမြောက်နေရာမှာ ရပ်တည်နေပါတယ်။

ကမ္ဘာတဝှမ်းမှ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရသူဦးရေစုစုပေါင်း 156,730 အထိရှိပြီး သေဆုံးသူကတော့ 5,839 ရှိပြီဖြစ်ကာ ကုသပျောက်ကင်းသွားတဲ့အရေအတွက်ကတော့ 75,933 အထိရှိပြီဖြစ်ပါတယ်။

Ref : Al Jazeera
Writer_HULK ( XYZ News )
လေးစားစွာဖြင့်
Credit-DailyHotNews