နိုင် ငံကျော် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်က ကြံ့ခိုင်သန်စွမ်းပြီး ယောကျာ်းပီသတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ရုပ်ချောသလို စိတ်ထားလေးလည်း ကောင်းတဲ့ ပိုင်တံခွန်ကို ပရိသတ်တွေက ပိုပြီးတော့တောင် ချစ်နေရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

ပိုင် တံခွန်က လက်တလောမှာတော့ မန္တလေးမြို့ကို ကြော်ငြာရိုက်ကူးတေစ်ခုနဲ့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုင်တံခွန်က သူနဲ့ အလုံးအရပ်ချင်းတူတဲ့ စတန့်မင်းသားတစ်ယောက်အကြောင်းကို အခုလို ထုတ်ကြွားထားတာ တွေ့ရပါတယ်။

“ကျွန်တော့်အတွက် အန္တရာယ်များတဲ့ တချို့ဇာတ်ဝင်ခန်းတွေကို နောက်ကွယ်ကနေ ကျွန်တော့်ကိုယ်စားသရုပ်ဆောင်ပေးတဲ့ ညီလေး 🙏” ဆိုပြီး သရုပ်ဆောင်သစ်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလာပါတယ်။

ပိုင်တံခွန်ကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ဘယ်သူ့ကိုမဆို ခွဲခြားဆက်ဆံခြင်းမရှိသူတစ်ယောက်ပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်နော်။

Source: Paing Takhon’s fb,Credit – Cele Connections