ကို ရိုနာကြောင့် ရောင်းအားတတ်ပေမဲ့ ကုန်ကြမ်းပြတ်အောင် ဝယ်တဲ့လောဘသမားတွေကြောင့် အထိနာလာတဲ့ Handgel လုပ်ငန်းရှင်ငယ်လေးများ ရဲ့ ခံစားချက်

ကုန်ကြမ်းပြတ်သွားတယ်.. ဘာလို့လဲဆိုတော့ .. ငွေတတ်နိုင်တဲ့ လူတွေက Handgel ကုန်ကြမ်းကို ကားအစင်းတိုက် ၀ယ်ပစ်တယ်.. အဲလ်ကို ဟော မရိတော့ဘူး ဂျယ်လုပ်တဲ့ ကုန်ကြမ်း မရှိတော့ဘူး ဘူးမရှိတော့ဘူး

တကယ်ကို သေးသေးလေးနဲ့ ရှင်သန်နေရတဲ့ လုပ်ငန်းငယ်လေးတွေ အထိနာသွားပြီ..။ကျွန်တော်တို့လို လုပ်ငန်းသေးသေးလေးတွေဟာ ခု ကိုရိုနာ ပေါ်မှ ထ ဟော့ ပြီး ထုတ်တာမဟုတ်ဘူး.. ကျွန်တော်ဆိုရင် ၂ နှစ် နီးပါးရှိသွားပြီ..။ခု ဗိုင်းရပ်စ် ကြောင့် ရောင်းအားတက်တယ်မှန်ပါတယ် ဆိုးတာက ခုမှ ကိုက်တယ်ဆိုပြီး ငွေနဲ့ ၀င်ဝုန်းတဲ့ လူတွေပါပဲ…။ဒီနေရာ မှာ စီးပွားရေး ဥပဒေ အကာကွယ်ဆိုတာ ပြောချင်တာပေါ့.. ယနေ့ ထိုင်း နိုင်ငံမှာ Handgel တွေ ဈေးတင်ရောင်းရင် ကုန်လှောင်ထားရင်ဖမ်းနေပြီ

ကျွန်တော်တို့ ဆီမှာ တော့ အဲ့လိုအကာကွယ်မပေးနိုငဘူး..။ လွှတ်တော်ထဲမှာ ခြေဥ ပြင်တယ် ဒါမျိုး စီးပွားရေး အကာကွယ်ပေးနိုင်မယ့် ဥပဒေ မျိုး တွေကို ပြင်ရမှာ.. ဘာမှ မဟုတ်တဲ့ ဟာတွေပြင်တယ် .. မနိုင်တော့ သောက်ရှက်ပြေ တွေလျှောက်ပြောတယ်.. ဒါပါပဲ..။

လေးစားစွာဖြင့် ခရစ်ဒက် …… Zaw Phyo Linn