အ ခု လှူကြတဲ့စေတနာရှင်တွေ လည်း Facebook မှာတွေ့ရလို့ ဝမ်းသာပါတယ်။
တလုံးကို သိန်း ၂၀၀

လှူနိုင်တဲ့ သူဌေး တွေ မြန်မာပြည်မှာ အများကြီးပါ။ $100,000 လောက်တန်တဲ့ကားကို $1,000,000 ပေးစီးနေတဲ့ သူဌေးတွေတောင်ရှိသေးတာ။ ဒါဘာဟုတ်သေးလို့လဲ။ကျန်းမာရေးဝန်ကြီးဌာနရဲ့ CMSD လို့ခေါ်တဲ့ ဆေးဗဟိုသိုလှောင်ရုံကို ဝင်ကြည့်ရင် “ဖျားသွားနိုင်ပါတယ်”။ ventilator တွေ အရင် ဝန်ကြီးတွေ လက်ထက်က ဝယ်ထားတာတွေ အများကြီးရှိနိုင်ပါတယ်။အလှူရရင်ယူထားလိုက် ပါ နောင်တချိန် အသုံးဝင်နိုင်ပါတယ်။ဒါပေမဲ့ ဝူဟန် corona virus ဖြစ်လို့ အဆုတ်ရောင် ခဲ့ရင် သုံးဖို့ ဆိုရင်တော့ သိပ်အသုံးဝင်မယ်မထင်ပါဘူး။

ကုသမှုတခု ပေးမယ်ဆိုရင် ကုန်ကျစားရိတ်နဲ့ ရလာမဲ့ ရလာဒ် cost of treatment vs. outcome ကို စဉ်းစားပြီး cost effective ဖြစ်မှ ကုသမှုပေးသင့်ပါတယ်။

ဆိုပါစို့
ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်လို့ အဆုတ်ရောင်တဲ့လူနာ ဆေးရုံရောက်လာပါပြီ။အောက်ဆီဂျင် ပေးတယ် မသက်သာဘူး။ဒီလို လူနာတွေဟာ အဆုတ်ရောင်ပြီး အဆုတ်က သူ့ရဲ့ အလုပ် ဖြစ်တဲ့ အောကိဆီဂျင် ကို သွေးထဲကို ရောက်အောင် မပို့နိုင်တော့လို့ပါ။ဒီအခါ မှာ လေပြွန်ထဲ ပိုက်ထည့်ပြီး အသက်ရှူ စက် နဲ့ ကုကြပါတယ်။ဒီ လူနာ မျိုးတွေဟာ အဆုတ်ကို ပြင်းပြင်းထန်ထန် ရောင် နေလို့ အသက်ရှူစက် က အောက်ဆီဂျင် နဲ့ လေတွေ ဖိသွင်းပြီး အဆုတ်ကို ပို့တာတောင် လွယ်လွယ်နဲ့ မရပါဘူး။ အဆုတ်က လေအိတ်တွေဟာ မပြော့ပြောင်းတော့ဘဲ အသားတွေလို မာနေပါတယ်။ ဆေးပညာအရ တော့ Adult Respiratory Distress Syndrome လို့ ခေါ်ပါတယ်။ဒီလို လူနာ တွေကို ခက်ခက်ခဲခဲ ကုရပါတယ်။ ဒါတောင် မရှင်ကြတာများပါတယ်။

ဖုတ်ပူမီးတိုက် အသက်ရှူစက်တွေ ဝယ်ကြ လှူကြတန်းကြ ဒါတွေဟာ မွန်မြတ်ပေမဲ့ မြန်မာပြည်ရဲ့ လက်ရှိ အနေအထားနဲ့ အကျိုး ထင်သလောက် မရှိဘူး ဆိုတာ ပြောချင်ပါတယ်။ဘာလို့လဲ? သူများနိုင်ငံတွေမှာလည်း လုပ်နေတာဘဲ။ မြန်မာပြည်မို့ အထင်သေး နှိမိချချငိတာလား ? ဒီလို ထင်စရာ တွေရှိပါတယ်။ဒီလို ရောဂါမျိုးတွေ ကုသပေးဖို့ ဆို တာ အသက်ရှူစက် အပြင် အများကြီးလိုအပ်ပါတယ်။ ကွင်းဆက်တွေ အများကြီးရှိပါတယ်။ ကွင်းဆက်တွေပြတ်တောက်နေရင် အဖြေက မကောင်းပါဘူး။

လူနာတယောက်ကို အသက်ရှူစက်နဲ့ကုတယ်ဆိုတာမေ့ဆေးဆရာဝန်က လေပြွန်ထဲ ပိုက်ထည့်ပြီး စက်ပေါ်တင်တာနဲ့ တင်မပြီးပါဘူး။ဒီလို လူနာတွေက်ု ကုသပေးနိုင်အောင် သင်ကြားလေ့ကျင့်ပေးထားတဲ့ ဆရာဝန် တွေ သူနာပြုတွေ physiotherapist phamacist dietitian စတဲ့ ပညာရှင်တွေ အဖွဲ့လိုက်လိုပါတယ်။ ဘွဲ့တွေ ရာထူးတွေရှိတိုင်း စာအုပ်ဖတ် ကုလို့မရပါဘူး။

ဒီ ကုသမှု အသက်ရှူ ပိုက်တွေရဲ့ ဒဏ်ကို ခံနိုင်ဖို့ မေ့ဆေးတွေ အနာသက်သာဆေးတွေ လိုပါတယ်။ ဒါတွေ လုံလောက်အောင်မပေးဘဲ လူနာကို ဆေးထိုးပိုက် ကိုက်ခိုင်းလို့ မရပါဘူး။ လူနာနဲ့အသက်ရှူစက် ရန်ဖြစ်နေပါလိမ့်မယ်။
နောက်တခုက လူနာနဲ့ အသက်ရှူ စက်ကို ဆက်သွယ်ပေးတဲ့ လေပိုက်တွေ breathing circuit, filter, humidifier စတဲ့ ပစ်စည်း တွေ တခါသုံး တွေ နေ့တိုင်းလဲသုံးနိုင်ဖို့ လိုပါတယ်။ ဒါမှ မဟုတ်ရင် ပိုက်တွေ ဆေးပြီးပြန်သုံးရင် ရောဂါပိုးတွေ ထပ်ကူးပြီး ဆေးမတိုးတဲ့ ပိုးမွှားတွေ အဆုတ်ထဲ ရောက်လာပါလိမ့်မယ်။

နောက် အရေးကြီးဆုံးတခုက ဒီလို လူနာမျိုးတွေကို အသက်ရှူစက် နဲ့ကုတဲ့အခါ စက်ကို ချိန်ဖို့ သွေးထဲက Arterial blood gas (ABG) အောက်ဆီဂျင် နဲ့ ကာဗွနိဒိုင်အောက်စိုက် တွေကို မကြာခဏ တိုင်းပေးရပါတယ် ။ဥပမာ ပေးရရင် ABG ကို ၁-၂ နာရီခြားတခါ နောက်ပြီး လူနာအခြေအနေဆိုးလာတဲ့အခါ အသက်ရီူစကိရဲ့ setting တွေကို ပြောင်းလဲ တဲ့ အခါ တိုင်းရပါတယ်။ တနေ့ကို ၁၀ ခါတိုင်းလို့ရှိရင် တခါတိုင်း တသောင်းခွဲဆိုရင် လူနာကို ၃-၄ ပတ်လောက် အသက်ရှူစက်နဲ့ ကုရမယ်ဆိုရင် … စဉ်းစားသာကြည့်ကြပါ။ဒီလို မတိုင်းပြန်တော့လည်း မျက်မမြင်လို ကုနေရင် ကောင်းလာ မှန်းမသိ ဆိုးသွားမှန်းမသိ ဘာမှန်းမသိ အသက်ရှူစက်မှာ ၄-၅ နှစ်နေပြီး အရည်ပျော်သွားတဲ့ လူနာတွေရှိခဲ့ပါတယ်။

ဒီလို တန်ဖိုးကြီးတာတွေ လှူမယ်ဆိုရင် မျှော်လင့်ချက်လေး မှန်စေချင်ပါတယ်။ လက်ရှိမြန်မာန်ုင်ငံ အခြေအနေနဲ့ကတော့ ဒီလောက် ဆိုးတဲ့ လူနာဆိုရင် သိန်း တထောင်တန်အသက်ရှူစက်နဲ့လည်း ရှင်ဖို့ မလွယ်ပါဘူး။ဒီလို ကုသမှုမျိုးပေးနိုင်ဖို့ဆိုတာ အချိန်အကြာကြီး ရင်းနှီးမြှုပ်နှံထားခဲ့မှရတာပါ။ ဖုတ်ပူမီးတိုက် ကောက်ရိုးမီးလို ထလုပ်လို့ ရတာမျိုးမဟုတ်ပါဘူး။ဒီရောဂါ မဖြစ်အောင် ကာကွယ်တဲ့နည်းလမ်းတွေရှေ့တန်း ကုပေးနေတဲ့ ဆရာဝန် သူနာပြုတွေကို အကာအကွယ်ပေးနိုင်မဲ့ personal protection equipment/ N95 mask/ goggles/ gowns တွေ ဝယ်ယူလှူဒါန်းတာ ပိုပြီး အကျိုးရှိနိုင်ကြောင်း ပြောပါရစေ။

လေးစားစွာဖြင့် ခရစ်ဒက် …… Dr. Aung Aung Lwin
photo – The New York Times