မြန်မာ ဂီတနယ်ပယ်ထဲက အဆိုရှင်တွေများစွာအနက် သျှီကတော့ ထူးထူးခြားခြား Rock သီချင်းတွေကို သီဆိုတတ်တဲ့ အမျိုးသမီး Rocker တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ သြသျှသျှ နဲ့ ပြတ်သားလှတဲ့ အသံကြောင့် တစ်ခေတ်တစ်ခါက ဂီတနယ်ပယ်မှာ သျှီဆိုတာ နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်သလို ယနေ့တိုင် ပရိတ်သတ်ကလည်း နှစ်သက်လက်ခံနေကြတဲ့ အဆိုတော် တစ်ဦးလည်းဖြစ်ပါတယ်။

သူမ ဟာဆိုရင် မီဒီယာတွေနဲ့ အမေးအဖြေလုပ်ချိန်မှာ သူ့ကို Myanmar Idol က ဒိုင်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ဖူးတဲ့အကြောင်းကို ထည့်သွင်းပြောပြလာပါတယ်။ ဒါပေမယ့် သူမအနေနဲ့ မလုပ်ပဲ ငြင်းပယ်ခဲ့တယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လူကသာ Rock သီချင်းတွေ ဆိုပေမယ့် နှလုံးသားကနုတော့ ကလေးတွေ ထွက်ရတဲ့အခါတွေမှာ စိတ်မကောင်းဖြစ်ရတဲ့သူက သူမ ဖြစ်နေမှာကို သိနေတာကြောင့်လို့ဆိုပါတယ်။

အဲ့ဒီခံစားချက်ကို မခံစားချင်တာကြောင့် ဒိုင်မလုပ်ခဲ့တာလို့ဆိုပါတယ်။လက်ရှိပြိုင်ပွဲဝင် ဂီတညီမငယ် မောင်ငယ်တွေ အနေနဲ့လည်း ပြိုင်ပွဲတစ်ခုဟာ အရှုံးအနိုင်ရှိမှာ သဘာဝပဲဖြစ်တာကြောင့် အားမလျော့ကြဖို့ တိုက်တွန်းထားပါတယ်။ ပြီးတော့ ကိုယ်တိုင်က ဘာဖြစ်ချင်တာလဲဆိုတာ သေချာသိဖို့လိုတယ်လို့လည်း သူမကသတိပေးစကားဆိုပါတယ်။

ပရိသတ်ရော သီဆိုသူတွေ အနေနဲ့ပါ Emotion ကို လျော့ချနိုင်ရင်တော့ ဒီအစီအစဉ်လေးက ပိုပြီးကောင်းမယ်လို့ သူမရဲ့ခံစားချက်ကိုပြောပြပါတယ်။ လက်ရှိအချိန်မှာတော့Myanamr Idol ဟာ မကြာခင်မှာ Winner ထွက်ပေါ်လာဖို့အတွက် ပိုမိုနီးကပ်လာပြီဖြစ်သလို ၊ အားပေးသူတွေ အနေနဲ့လည်း အပြိုင်အဆိုင် Voting တွေ ပေးနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT( Shwe Yaung Lan)