တ ရုတ်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရဗ်စ်ဖြစ်ပွားမူကို ထိန်းချုပ်နိုင်နေပြီဖြစ်ပေမယ့် ဥရောပတိုက်မှာတော့ အီတလီပြီးရင် စပိန်ဟာ ဒုတိယအများဆုံး ကူးစက်ခံထားရတဲ့ နိုင်ငံဖြစ်လာခဲ့ပါပြီ။စပိန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လူနာသစ် ၂၀၀၀ နီးပါတိုးလာတဲ့အတွက် ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၆၀၀၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။

ဒါကြောင့် စပိန်နိုင်ငံ မှာ ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်အခြေအနေအဖြစ်ကြေညာပြီး စပိန်တစ်နိုင်ငံလုံးကို အဝင်အထွက်ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အစိုးရက နိုင်ငံသားများကိုလည်း အရေးပေါ်ကိစ္စရပ်များမှအပ ကျန်သည့်အချိန်များမှာအိမ်၌နေရန် ညွှန်ကြားသွားမည်ဟုဆိုသည်။ စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေနဲ့ အားကစားပွဲတွေ အားလုံးကိုလည်း ပိတ်ထားပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သဆုံးသူ ၁၃၆ ဦးထိ ရှိလာပြီလို့သိရပါတယ်။

Ref; Aljazeera
Writer_HULK ( XYZ News )
လေးစားစွာဖြင့်
Credit-DailyHotNews