ကြိုးကြာ တောင်ပံ များ မခတ်နိုင်တော့မည်ကို စိုးရိမ်မိပါသည်။ ဒီပို့စ်က အစိုးရဆရာဝန် နဲ့သူနာပြုများရယ် ကျန်းမာရေးဝန်ထမ်းများ အားလုံးအတွက် ရည်ရွယ်ပါတယ်…

ကျွန်တော် ဆရာဝန် တစ်ယောက်ပါ.. အစိုးရဆရာဝန် တစ်ယောက်ပါ.. မြန်မာပြည်က အစိုးရဆရာဝန် တစ်ယောက်ရဲ့ လစာက အခြေခံ ၂ သိန်း ၇ သောင်းခွဲ ပါ…

အလု ပ်ချိန်က? အလုပ်ချိန်က ပုံမှန်ရုံဖွင့်ရက်တိုင်း မနက် ၈ နာရီ ခွဲကနေ ညနေ ၄ နာရီပါ.. သက်ဆိုင်ရာဌာနအလိုက် ပိုစောပါတယ်.. မနက် ၇:၃၀ ကနေ ညနေ ၆/၇ နာရီထိ လုပ်ရတဲ့နေရာတွေ ရှိပါတယ်.. (ခွဲခန်းက ဆရာမ တွေပါ) အများစုက ၄ ရက်တစ်ခါ ၅ ရက်တစ်ခါ ၂၄ ဂျူတီ ဆင်းရပါတယ်.. စနေနေ့သာ ဂျူတီကြရင် သူတို့နားရက် မရှိတော့ပါဘူး…

အခါကြီးရက်ကြီးတွေ လပြည့်နေ့ နှစ်သစ်ကူး ဘယ်ပိတ်ရက်မှ ဆေးရုံ မပိတ်ပါဘူး.. အရေးအခင်းဖြစ်လဲ မပိတ်ပါဘူး.. အခုလိုကပ် ရောဂါဖြစ် လဲမပိတ်တဲ့အပြင် ပိုတောင် အလုပ်များပါသေးတယ်…

ကျွန်တော်တို့ဆီမှာ နဂိုထဲက လူအင်အားမလောက်ပါဘူး.. စက်ပစ္စည်းလဲမစုံလင်ပါဘူး.. ကြိုတင်ပြင်ဆင်ထားပြီးပြီ ဆိုတာက ဘာမှ မဖြစ်သေးလို့ပါ…

အကယ်၍ စဖြစ် ပြီ ပဲဆိုကြပါစို့.. အဲ့ဒီလူနာ က ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုအရင်ရောက်လာမှာပါ ကိုရိုနာဗိုင်းရပ်စ် COVID-19 မစစ်ရသေးခင်မှာ အရေးပေါ်က ဆရာဝန်တွေ အကုန်လုံး ထိတွေ့နိုင်ပါတယ်.. ဘယ်သူ မှ PPE မဝတ်ထားပါဘူး…

ကဲ ရောက်လာတဲ့ လူနာက ၂ မျိုးဖြစ်နိုင်ပါတယ်.. ရောဂါ လက္ခဏာအရ သီးသန့် ထားပြီးကုမယ် သူ့ကို COVID-19 ပိုးစစ်မယ်.. ဒါမှမဟုတ် အရမ်းဆိုးလို့ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ Ventilator တင်ထားရမယ်..

ခုချိန်ထိ စစ်သမျှ Negative ဆိုတော့ ထားပါတော့ အကယ်၍ Positive သာဖြစ်ခဲ့ရင် အဲ့နေ့မှာ ဂျူတီကျတဲ့ ဆရာဝန်တွေ ဆရာမတွေကို ဘယ်လိုလုပ်ကြမလဲ.. ၁၄ ရက်စောင့်ကြည့်မှာလား… အဲ့လိုဆရာဝန်တွေအများအပြားကို ၁၄ ရက်ပေးနား နိုင်လောက် တဲ့ဝန်ထမ်းအင်အား ရှိလား…

H1 N1 တုန်းကလဲကူးစက်မှု ဒီလောက်မလွယ်လို့သာ မဟုတ်ရင် ဆရာဝန် ဆရာမတွေ အကုန်ကူးတယ်.. အခု COVID-19 က အရမ်းကူးစက် လွယ်ပါတယ်.. အဲ့ဒါကို အထင်သေးခဲ့လို့ အီတလီ တစ်နိုင်ငံလုံး ဒုက္ခ ရောက်ကုန်တာ သက်သေပါ…

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကမေးတယ်.. မင်းတို့ကို အစိုးရက ကျန်းမာရေးအာမခံ ထားပေးလားတဲ့.. မထားပေးဘူးဆိုတော့.. ဟာဒီလောက် High Risk Person တွေကို တဲ့…

အလုပ်ချိန် တွေများလို့ မိသားစုကိုလဲအချိန်မပေးနိုင်ပါဘူး.. လစာနဲလို့လဲ မိသားစုကို မထောက်ပံ့နိုင်ပါဘူး.. ခုလိုရောဂါ ကပ်ဆိုးမှာလဲ မိသားစုကို မကာကွယ်နိုင်ရုံမက ကိုယ်က ရောဂါပိုးသယ် လာနိုင်တဲ့သူပါ.. သေနိုင်မဲ့ရောဂါကူးစက်နိုင်ပေမယ့် ကုသပေးနေတာ ဆရာဝန်ဆရာမ တွေပါ…

အဲ့တာကို ဘာမှ မလုပ်ပေးနိုင်ရင်တောင် အလကားနေရင်း ပြောနေဆိုနေ စော်ကားနေတဲ့သူတွေကိုတော့ မားမားမတ်မတ်ရှေ့ကရပ်ပြီး ဖြေရှင်းပေးသင့်ပါတယ်…

ကြိုးကြာတွေလဲအတောင် တော်တော် ညောင်းနေပါပြီ.. ခုချိန်ထဲ လဲပစ်ထားတုန်းပဲနော်…

ခက်လွယ်(ဒေါက်တာ အောင်ပိုင်စိုး ပို့စ်မှ)
Credit-HotNewsMyanmar