မြန် မာပရိသတ်များ စောင့်မျှော်ရှုစားနေကြတဲ့ Myanmar Idol Season 4 ရဲ့ winnerကတော့ တဖြေးဖြေးထွက်ပေါ်လာဖို့ နီးစပ်လာပါပြီနော်။ ယခုအပတ်မှာတော့ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားလှတဲ့ ရုပ်ရှင်ဇာတ်ဝင်တေး ၊ စိတ်ဓာတ်ခွန်အား
ဖြစ်စေတဲ့ တေးသီချင်းတွေ စုစုပေါင်း ၂ ပုဒ်ကျ သီဆိုဖျော်ဖြေခဲ့ရတဲ့ အပါတ်လေးလည်းဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသီးသီးကလည်း အားထုတ်ကြိုးပမ်းခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

ထူးခြားလှတာတစ်ခုကတော့ ပရိသတ်မျှော်လင့်နေကြတဲ့ တန်ခွန်ကျော်ကတော့ WildCard နဲ့ စင်မြင့်ပေါ်ကို ပြန်လည်တက်ရောက်လာနိုင်ခဲ့တာကြောင့် တန်ခွန်ကျော်ရဲ့ ပရိသတ်တွေကလည်း အပျော်ကြီးပျော်နေခဲ့ကြပါတယ်။ တန်ခွန်ကျော် နဲ့ ယောကီးဟာ
Wild card နဲ့ ပြန်လည်ခေါ်ယူဖို့ အကြိတ်အနယ်မဲလုနေခဲ့တဲ့ ပြိုင်ပွဲဝင်နှစ်ဦးဖြစ်ပြီးတော့ တန်ခွန်ကျော်က အနိုင်ရကာ စင်မြင့်ပေါ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

သီဆိုမှုတွေထဲမှာတော့ ပြိုင်ပွဲဝင် အက်စတာဒေါ့ချင်ဆုန် ကတော့ မြန်မာသံစဉ်သီဆိုစဉ်မှာ သီချင်းအစမှာ အနည်းငယ်မှားယွင်းမှုလေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သီချင်းဆုံးတဲ့အထိ မတုန်လှုပ် မကြောက်ရွံ့ပဲ ဆိုနိုင်ခဲ့တာမို့ ပရိသတ်က အားပေးခဲ့ပါ
တယ်။ ဒါ့အပြင် ဒိုင်သုံးဦးကလည်း သူတို့လည်း ငယ်ဘဝက စင်ပေါ်မှာ မှားခဲ့ဖူးကြသူတွေပါလို့ ဝန်ခံပြောကြားရင်း အက်စတာကို နှစ်သိမ့်စေခဲ့ပါတယ်။

အက်စတာကတော့ သူမရဲ့ အမှားအတွက် စိတ်မကောင်းဖြစ်နေပါတယ်။ ပင်ကိုယ်ကမှ စိတ်အားငယ်တတ်သူလေးဖြစ်ပြီး ငိုတတ်တဲ့ အက်စတာ တစ်ယောက် အခုလို အမှားမျိုးကြုံခဲ့ရတာကြောင့် winner ဖြစ်မယ့်သူကိုပဲ စောင့်မျှော်အားပေးပါတော့မယ်
လို့ မီဒီယာတစ်ခုမှာ ဖြေဆိုထားပါတယ်။ ဒီသဘောကတော့ သူမရဲ့ winner အိမ်မက်ကို စွန့်လွှတ်လိုက်တယ်ဆိုတဲ့သဘောသက်ရောက်နေပါတယ်။ အခုလို အားငယ်တတ်တဲ့ သူမအတွက် ဒီလို အခိုက်အတန့်လေးမှာ ပရိသတ်ကြီးကလည်း အက်စတာ အ
တွက် အားပေးစကားလေး ပြောပေးပါဦးနော်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT( Shwe Yaung Lan)