သ ရုပ်ဆောင် မင်းသားချောလေး ဇေရဲထက်က အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်ကစပြီး အခုချိန်ထိ နာမည်ပျက်မရှိပဲ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦးပါပဲ။ ဇေရဲထက်က သူ့ရဲ့သရုပ်ဆောင်ကောင်းမှုကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

ချစ်သူရှိကြောင်း ပရိသတ်တွေကို ဖွင့်ပြောလိုက်ပြီဖြစ်တဲ့ ဇေရဲထက်ဟာ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ သူ့ရဲ့ ချစ်သူကောင်မလေးရဲ့ ပုံကို တစွန်းတစထုတ်ပြလာပြီပဲ ဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော်သည့်တိုင် အချစ်ရေးနဲ့ ပက်သတ်တဲ့ သတင်းမကြားဖူးသေးတဲ့ ဇေရဲထက်အတွက် သူ့ရဲ့ ပရိသတ်တွေက ဝမ်းသာနေကြတာ ဖြစ်ပါတယ်။ ဇေရဲထက်တို့ ချစ်သူနှစ်ဦး သက်ဆုံးတိုင် ရွှေလက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Zay Ye Htet’s fb
Credit – Cele Connections