အမေရိကားမှာ ၂၂ ယောက်သေပြီ ..
အီတလီမှာ ၃၆၆ ယောက် သေပြီ ..
အီရန်မှာ ၁၉၄ ယောက်ကျော်သေပြီ ..

ပြင်သစ်မှာ ၁၉ ယောက်သေပြီ ..
တောင်ကိုရီးယားမှာ ၅၃ ယောက် သေပြီ ..

တရုတ်မှာကတော့ လူပေါင်း ၃၀၀၀ ကျော် သေပြီ ..
ဒါတောင် သတင်းအမှောင်ချထားတာတွေ မပါသေးဘူး ..

စင်ကာပူမှာအသေအပျောက်မရှိသေးဘူးလို့ သတင်းထုတ်ပြန်ထားပေမယ့် နေ့စဉ်ကူးစက်မူ နူန်းက တိုးတိုးလာတယ် ..
ကုသလို့ အဆင်ပြေ ဆေးရုံဆင်းသွားသူက ထက်ဝက်မက ရှိတယ် …
နိုင်ငံလေးသေးတော့ ကျန်းမာရေးအသိ ဝေမျှဖို့ လွယ်ကူမြန်ဆန်တယ် ..

လိုက်နာသူများလေလေ အလွယ်တကူ ကူးစက်မူတွေနည်းလေလေပါပဲ ..

အခုထိ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကတော့ ဗိုင်းရပ်စ်ကင်းစင်နေတုန်းလို့ ကြွေးကြော်နေနိုင်တုန်းပါပဲ .

ကံတရားတွေ ရေမြေတွေ ဥတုတွေကြောင့်ဆိုပြီး သို့လော သို့လောပြောနေကြတုန်းပဲ ..

ကျောင်းသင်္ကြန်တွေ လူစုလူဝေးနဲ့ လုပ်နေကြတုန်းပါပဲ ..
နိဗ္ဗာန်ရောက်ကြောင်း တရားပွဲကြီးတွေ လူစုလူဝေး နဲ့ လုပ်နေကြတုန်းပဲ ..
ဘုရားပွဲဈေးတွေထဲ လူတရုန်းရုန်း တိုးဝှေ့နေကြတုန်းပဲ .

အပျော်အတွက်ပဲ လုပ်လုပ် .
စီးပွါးရေးအမြတ်အတွက်ပဲလုပ်လုပ် .

လူထုကျန်းမာရေးအတွက်တော့ ထည့်တွေးပြီး လုပ်စားကြပါလို့ တောင်းဆိုချင်တာပါ..

ကူးစက်ခံရတဲ့ နိုင်ငံကြီးတွေရဲ့ စီးပွါးရေး ဆုံးရှုံးမူက မသေးလှပါဘူး ..
စည်ကားပါတယ်ဆိုတဲ့ လေဆိပ်ကြီးတွေ သင်္ဘောဆိပ်ကြီးတွေ ခြောက်ကပ်ကုန်ပါပြီ ..
စည်ကားပါတယ်ဆိုတဲ့ အပန်းဖြေကမ်းခြေတွေ ရှော့ပင်းမောတွေ ခြောက်ကပ်ကုန်ပါပြီ ..
ကုန်ပစ္စည်းအသစ်တွေ ဝင်ရောက်ဖို့ ဆက်လက်လည်ပတ် ထုတ်လုပ်ဖို့ ကြန့်ကြာ ရပ်တန့်ကုန်ပါပြီ ..

ငွေဈေးနူန်းတန်ဖိုးတွေ ကျဆင်းကုန်ပါတယ် ..
ကုန်ဈေးနူန်းတွေ တက်လာပါတယ် ..

မိမိကိုယ်ကိုယ်ရော ကိုယ့်နီးစပ်ရာ ပတ်ဝန်းကျင်ကိုရောကျန်းမာရေး အသိလေးတွေနဲ့ ဆင်ခြင်စောင့်ရှောက် ထိန်းသိမ်းကြစေချင်ပါတယ် 🙏🏻 ..

လက်ဆေးပါ .
လူထူထူအရပ်ကို တတ်နိုင်သမျှရှောင်ကြပါ .
တဖက်လူရဲ့ စကားပြောရာကနေထွက်လာ စင်လာတဲ့ တံတွေး အမှုံအမွှားတွေ တိုက်ရိုက်မရှုမိဖို့ အကွာအဝေးတခုခြားပြီး နေပါ .

ရောဂါဘေးမှ ကင်းဝေးကြပါစေ ..

9.3.2020

လေးစားစွာဖြင့်
Credit-Mynn Soh