အီ တလီ၊ မတ်လ (၁၄) ရက်

ကို ရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုနှင့် သေဆုံးနှုန်း အဆိုးရွားဆုံး ခံစားနေရသည့် အီတလီနိုင်ငံတွင် ယမန်နေ့ မတ်လ (၁၃) တစ်ရက်တည်းတွင် ၂၅၀ ဦး ထပ်မံသေဆုံးမှုသည် ရောဂါစတင် ဖြစ်ပွားချိန်မှစ၍ တစ်ရက်အတွင်း စံချိန်တင်သေဆုံးမှု ဖြစ်လာသည်။

ရောဂါစတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံမှာ ထပ်မံကူးစက်မှုနှင့် သေဆုံးမှုနှုန်း အနည်းဆုံးသို့ ရောက်ရှိလာသော်လည်း ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်နှုန်း မြင့်တက်လျက်ရှိကာ အီတလီတစ်နိုင်ငံတည်းတွင် ကူးစက်မှုပေါင်း ၁၇၆၆၀ မှုနှင့် သေဆုံးသူ ၁၂၆၆ ဦးအထိ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့အပြင် အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၄၅၉၉ ဦး ဆက်လက်ကုသမှု ခံယူနေရမှုသည် တရုတ်နိုင်ငံတွင် ကုသမှုဆက်လက်ခံယူနေရသည့် အရေအတွက်မှာ ၁၂၀၈၈ ဦးနှင့် နှိုင်းယှဉ်ပါက မြင့်မားလျက်ရှိနေသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီး ယင်းအရေအတွက်သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံ၏ လေးပုံသုံးပုံခန့် ဖြစ်ကာ ရောဂါ ကူးစက်မှုသည် တရုတ်နိုင်ငံအပါအဝင် အီရန်၊ အီတလီ၊ တောင်ကိုရီးယားနိုင်ငံတို့တွင် အဆိုးရွားဆုံး အခြေအနေ ဖြစ်နေသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်မှုပေါင်း ၁၄၅၆၄၈ မှုနှင့် သေဆုံးသူ ၅၄၃၆ ဦး ဖြစ်ပြီး လက်ရှိအချိန်ထိ ထိရောက်သည့် ကုထုံး မရှိသေးပေ။ ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO)က ကမ္ဘာ့လုံးဆိုင်ရာ ကပ်ရောဂါအဖြစ် မတ်လ (၁၁) ရက်နေ့က သတ်မှတ်ကြေညာခဲ့သည်။

ထို့အပြင် ဥရောပတိုက်တွင် ရောဂါပျံ့နှံ့မှု မြင့်မားနေပြီး ဥရောပမှ အမေရိကန်သို့ သွားရောက်မည့် ခရီးစဉ်များကို ပိတ်ဆို့ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။

Ref – AS(IM)
လေးစားမှုဖြင့်
Credit-Whitesone(HNM)