နေဝင်း နဲ့ အိမ့်ချစ်ချောဟာဆိုရင် ချစ်သူသက်တမ်းဆယ်နှစ်ကျော်လာပြီဖြစ်တဲ့ စုံတွဲလေးဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေဝိုင်းပြီးအားကျတာခံနေရတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။ နေဝင်းက အိမ့်ချစ်ချောကို အရိပ်တကြည့်ကြည့်နဲ့ အစွမ်းကုန်သည်းခံအလိုလိုက်တာလေးတွေကလည်း ကောင်မလေးတွေအားကျရဆုံးအချက်တစ်ချက်ဆိုရင် မမှားပါဘူး။ နေဝင်းနဲ့ အိမ့်ချစ်ချောက မင်္ဂလာပွဲကို သြင်္ကန်အပြီးလောက်မှာ လုပ်ဖို့စီစဉ်ထားကြောင်းလည်း သိရပါတယ်။ အခုဆိုရင် ပရိသတ်တွေအသည်းယားပြီးချစ်ရတဲ့ ချောတို့စုံတွဲလေးက မင်္ဂလာပွဲအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေပြီဖြစ်သလို Pre-wedding ပုံလှလှလေးတွေတောင်ရိုက်ပြီးသွားကြပါပြီ။

နေဝင်းကတော့ လာမယ့် ဧပြီလထဲမှာ ပြုလုပ်မယ့် မင်္ဂလာပွဲအတွက်ကို လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ ရတက်မအေးဖြစ်နေပုံရပါတယ်။ အခု တစ်ကမ္ဘာလုံးကို ကုးစက်ပျံ့နှံ့နေတဲ့ ကပ်ရောဂါဆိုးကြီးကြောင့်နိုင်ငံရပ်ခြားတွေမှာ ပြည်ဝင်ခွင့်ထွက်ခွင့်ပိတ်လိုက်တဲ့အခြေအနေတွေဖြစ်နေသလို မြန်မာနိုင်ငံထဲမှာလည်း ပြည်သူတွေက အခြေအနေကိုစောင့်ကြည့်နေရပြီး သြင်္ကန်တောင်ပြုလုပ်ခွင့်မရတော့ပါဘူး။ အဲဒီလိုအခြေအနေမှာ နေဝင်းနဲ့အိမ့်ချစ်ချောက မင်္ဂလာပွဲအတွက် စိတ်ပူနေကြမှာအမှန်ပါပဲ။

နေဝင်းက မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ မင်္ဂလာပွဲအတွက် စိတ်ပူတာတွေကို ရင်ဖွင့်လာခဲ့ပါတယ်။ နေဝင်းက ဧပြီလထဲမှာ မင်္ဂလာဆောင်ရှိကြောင်းနဲ့ ဒီ ဗိုင်းရပ်စ်ကြောင့် ခရီးသွားချင်တဲ့ ကောင်မလေးနဲ့သူနဲ့အတူတူတိုင်ပတ်နေုပြီလို့လည်း ပြောထားပါတယ်။ နေဝင်းက “ဧပရယ် လထဲမှာ ငါ့မင်္ဂလာဆောင် ရှိတယ်ကွ virus ရ..ကမ္ဘာရယ် မြန်မာရယ် သိကြားမင်းရယ် ငါရယ် ခရီးသွားချင်တဲ့ ငါ့ကောင်မလေးရယ် တိုင်ပတ်နေပြီ”လို့ရေးတင်ထားခဲ့တာပါ။ ပရိသတ်တွေကလည်း နေဝင်းနဲ့အိမ့်ချစ်ချောရဲ့မင်္ဂလာပွဲလေး ခမ်းနားကြီးကျယ်စွာ ကျင်းပအောင်မြင်ဖို့ဆုတောင်းပေးနေကြသလို လပိုင်းလောက်တောင်မလိုတော့တဲ့ မင်္ဂလာပွဲအတွက်မင်္ဂလာမောင်နှံနှစ်ဦးလည်း ရင်ခုန်နေမှာအသေအချာပါပဲ။ပရိသတ်ကြီးရော နေဝင်းနဲ့ အိမ့်ချစ်ချောရဲ့ မင်္ဂလာပွဲဓာတ်ပုံလေးကိုမြင်ချင်နေကြပြီလား။ ချောနဲ့ နေဝင်းတို့ရဲ့မင်္ဂလာပွဲလေးအတွက် ဆုမွန်ကောင်းတွေတောင်းပေးရင်းနဲ့ ပရိသတ်ကြီးလည်း ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ကူးစက်ခြင်းမခံရအောင် ဂရုတစိုက်နေထိုင်ကြဖို့ သတိပေးတိုက်တွန်းလိုက်ပါတယ်နော်။