အ င်ဒိုနီးရှား နိုင်ငံက အမျိုးသား တစ်ယောက် ဟာ မျှော်လင့်ချက် တွေ လုံးဝ ပျောက်ဆုံးသွား တဲ့အဆုံး မှာတော့ အိမ်နောက်ဖေး က လမ်းကြားလေး တစ်ခု မှာ ထိုင်ငို ခဲ့ပါတော့တယ် ။

Facebook စာမျက်နှာ တစ်ခုမှာ ဖော်ပြထားချက် အရ ဗိုက်က တအားဆာလောင် နေခဲ့ပြီး သူရောင်းချ နေတဲ့ ပစ္စည်းတွေကလည်း တစ်ခုမှ ရောင်းမရတဲ့ အဆုံး ဝမ်းနည်းလွန်းလို့ ငိုကြွေးခဲ့တာ ဖြစ်ကြောင်း သိရှိ ရပါတယ် ။

အဆိုပါ အမျိုးသား ဟာ မုန့်အခြောက်ထုပ်လေး တွေ ကို ရောင်းချ နေခဲ့တာ ဖြစ်ပေမဲ့လည်း ဈေးဦးလေးတောင် မပေါက် ခဲ့ပါဘူး ဒါကြောင့် အနီးအနား ဝန်းကျင့်မှ လူအချို့ က အဆိုပါ အမျိုးသားရဲ့ ဗိုက်ဆာ နေပုံ ၊ ရေဆာလောင် နေပုံ ကို မြင်ပြီးနောက် အဆိုပါ အမျိုးသားကို သောက်ရေ တိုက်ခဲ့ ကြပြီး ကူညီ ပေးခဲ့ကြပါတယ် ။

ထို့ကြောင့် ” အနီးအနားဝန်ကျင် မှာ ဈေး လှည့်ပတ် ရောင်းချ နေကြသူ တွေကို ကိုယ် တတ်နိုင်သလောက် ကူညီသင့်ပါတယ် အဝေးမှာရှိ နေတဲ့ သူတွေကို ကူညီဖို့ထက် ကိုယ့် အနီးအနားမှာ အကူအညီ အများကြီးလိုနေတဲ့သူတွေရှိတယ်” ဆိုတာ ယခု အဖြစ်အပျက်က သတိရ စေခဲ့သလိုပါပဲ အချို့သော သူတွေ ကလည်း အဆိုပါ အမျိုးသား ဟာ ဘယ်လောက်ပဲ ဗိုက်ဆာနေပါစေ သူ့ရဲ့ရောင်းကုန်တွေကို လုံးဝ မထိပဲ သစ္စာရှိရှိ ဈေးရောင်းချသူအဖြစ် အချို့လူတွေက ချီးကျူး ခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz