တ ရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ကျောက် လီဂျီယန်မှ “patient zero” သည် အမေရိကန် မှဖြစ်ပြီး ဝူဟန်သို့သွတ်သွင်းလာခဲ့သည်မှာလည်း အမေရိကန်စစ်တပ် ဖြစ်ဖွယ်ရှိကြောင်းနှင့်အမေရိကန်အနေဖြင့်ပွင့်လင်းမြင်သာမှု ရှိရန်လိုပြီးယင်းကို လူသိရှင်ကြား ချပြရန် နှင့် မိမိတို့အား ဖြေရှင်းချက် ပေးရန် လိုသည်” ဟုတွစ်တာ တွင်ရေးသားလာခဲ့သည်။

ထိုသို့ ‌ရေးသားမှုသည် conspiracy theory ဖြစ်သည်ဆိုကာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ တရုတ် သံအမတ်ကြီး အား အာရှရေးရာဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် စတီဝဲလ်ကအပြင်းထန်ဆုံး စကားလုံးများ သုံး၍ တုန့်ပြန်ခဲ့သည်။”ထိုကဲ့သို့ ပြောဆိုနေခြင်းသည် အန္တရာယ်များပြီး ရယ်ဖွယ်ကောင်းကြောင်း၊ မိမိတို့ အနေဖြင့် တရုတ်ပြည်သူများနှင့် ကမ္ဘာ အကျိုးအတွက် မည်သို့မျှ သည်းခံမည်မဟုတ်ဟု ပြောခဲ့သည်။

“တကမ္ဘာလုံး ကပ်ရောဂါ တခု ဖြစ်လာရသည့် အရေးတွင် ၎င်းတို့ စတင်ခဲ့ခြင်း ဖြစ်ပြီးအချိန်မီ ထုတ်ပြောခဲ့ခြင်း မရှိမှုအတွက်ဝေဖန် ပြစ်တင်နေမှုကို လျှောင်လွဲရန် ကြိုးစားခြင်း သာ ဖြစ်တယ်” ဟုလည်း ဆိုပြန်သည်။ကမ္ဘာတဝှမ်း ရှိ သိပ္ပံပညာရှင်များကမူ ကိုဗစ်-၁၉ သည် ဝူဟန်ရှိ တရိစ္ဆာန် အဆန်း အပြားများ၏ အသားများ ရောင်းချသည့်ဈေးမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်လျက် ရှိသည်။

သောကြာနေ့ ဂရင်းနစ် စံတော်ချိန် ညနေ၅ နာရီ စာရင်းအရ တကမ္ဘာလုံး သေဆုံးသူ၅,၃၀၀ ရှိနေပြီး ကူးစက်ခံရသူပေါင်း ၁၄၀,၀၀၀ ရှိသွားပြီဟု သိရသည်။ယနေ့ တွင် သမ္မတ ထရန့်မှ အိမ်ဖြူတော်ရှိ နှင်းဆီ ဥယာဉ်မှ နေ၍ အမေရိကန်တနိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေငြာလိုက်ခြင်းကြောင့် ရံပုံငွေ ဒေါ်လာ၅၀ ဘီလီယံအထိ ထုတ်ယူသုံးစွဲခွင့် ရသွားခဲ့ပြီ ဖြစ်သည်။၎င်းတွင်လည်း ရောဂါလက္ခဏာ မတွေ့ရကြောင်း နှင့် အဆိုပါ ကပ်ရောဂါဆိုးအားမကြာမီအတွင်း ကျော်လွှားနိုငိလိမ့်မည်ဟုယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

သတင်းစာရှင်းလင်းပွဲ အတွင်း ထရန့်သည်လူပေါင်းများစွာနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်ဟုလည်း သတင်းများက ဖေါ်ပြခဲ့ကြသည်။အမေရိကန်ရှိ ပြည်နယ် ကိုးခုတွင် စာသင်ကျောင်းများ အားလုံး ပိတ်ထားလိုက်ပြီဖြစ်သည်။

ကိုးကား၊။ ၊ Asia Times
လေးစားစွာဖြင့် ခရစ်ဒက် ……HlaSoe Wai