စင် ကာပူဟာ ကျန်းမာရေးဝန်ဆောင်မှုမှာ အကောင်းဆုံးနိုင်ငံတစ်ခုပါ။ အလွန်တော်တဲ့ဆရာဝန်တွေမွေးထုတ်ထားပြီး နိုင်ငံစုံက လူနာတွေကို နှလုံး၊ သွေးတိုးကနေ ရောဂါမျိုးစုံကုသပေးခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၃ ခုနှစ်က SARS ရောဂါ ဖြစ်တဲ့အချိန်မှာ စင်ကာပူဟာ နိုင်ငံရဲ့ ကျန်းမာရေးလစ်ဟာမှုကြီးကို ဘွားကနဲတွေ့လိုက်ပါတယ်။ စင်ကာပူဟာ SARS ဖြစ်တဲ့အချိန်မှာ ကူးစက်ရောဂါအတွက် အဆင်သင့်ပြင်ဆင်ထားမှု မရှိခဲ့တာကြောင့် လူ ၂၃၈ ယောက်ကို ကူးစက်ခဲ့ပြီး ၃၃ ယောက်သေဆုံးခဲ့ပါတယ်။ ဆရာဝန် ၂ ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ယောက်သေဆုံးခဲ့ပါတယ်။

စင်ကာပူဟာ နာတာရှည်ရောဂါတွေကိုကုသတာ တော်တဲ့ဆရာဝန်တွေရှိနေပေမယ့် ကူးစက်ရောဂါကြီးကြီးကျယ်ကျယ်ဖြစ်ရင် ကျွန်းသေးသေးလေးအတွက် အန္တရာယ်အလွန်များတယ်ဆိုတာ သိသွားခဲ့ပါတယ်။ အဲ့ဒီကတည်းက ကူးစက်ရောဂါကြောင့် တကျွန်းလုံးပျောက်သွားနိုင်တဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ပြင်ဆင်မှုတွေလုပ်ထားခဲ့ပါတယ်။

COVID-19 Case (ကိုရိုနာဗိုင်းရပ်စ်လူနာ) စတွေ့ပြီဆိုတာနဲ့ အရေးအကြီးဆုံးက နိုင်ငံထဲဘယ်လောက်ပြန့်နေလဲ သေသေချာချာသိဖို့လိုပါတယ်။ လူနာစတွေ့ပြီဆိုတာနဲ့ ထိတွေ့ကူးစက်မှု Contact Tracing ကို အသည်းအသန်လိုက်ရပါတယ်။ ဒါမှ ဆက်မပြန့်အောင် သေချာထိန်းချုပ်နိုင်မှာပါ။

ပထမဆုံး (Cluster) အစုလိုက်အပြုံလိုက် စတွေ့ကတည်းက စင်ကာပူကျန်းမာရေးဝန်ကြီးဌာနဟာ SARS က အတွေ့အကြုံကိုယူပြီး ထိတွေ့ကူးစက်မှုကို အသေအချာလိုက်ဖို့ ကြိုးစားပါတယ်။ တကယ်တမ်းကြတော့မလွယ်ပါ။ အဲ့ဒီမှာ စင်ကာပူရဲတပ်ဖွဲ့ မှုခင်းစုံစမ်းရေးအဖွဲ့ စီအိုင်ဒီကို အကူအညီတောင်းခဲ့ပါတယ်။

စီအိုင်ဒီမှာက လူတွေရဲ့ ဒေတာအချက်အလက်ပေါင်းများစွာကို စိစစ်ထုတ်ရတာတော်တယ်။ ဘယ်သူက အဖြစ်နိုင်ဆုံးတရားခံလဲဆိုတာ စီအိုင်ဒီက လိုက်နိုင်တယ်။ တရားခံကိုမရရအောင် ဖော်ချင်တဲ့စိတ်လည်း ရှိတယ်။

CCTV ကနေ ဒေတာမရရအောင် လိုက်ရာမှာ ဖျက်ထားရင်လည်း ပြန်ဖော်နိုင်တယ်။ ဖော်ဖို့လည်း ကြိုးစားတယ်။ လူနာတွေကို အင်တာဗျုးမေးရာမှာ စီအိုင်ဒီက ပိုတော်ပိုမေးတတ်တာတွေ့ရတယ်။ စင်ကာပူစီအိုင်ဒီရဲ့ ကြိုးစားမှုကို ကြည့်ပါအုံး။

ဘယ်နေ့မှာပဲဖြစ်ဖြစ် Contact Tracing ထိတွေ့စာရင်း လိုက်ရမယ်ဆိုရင် ရဲအယောက် ၅၀ ဟာ ချက်ချင်းအလုပ်စလုပ်ကြတယ်။ အလျှင်လိုလာပြီး သိပ်ရှုပ်ထွေးတဲ့ Case ဆိုရင် ရဲအယောက် ၁၀၀ အထိအလုပ်လုပ်တယ်။

လူနာတွေကို PPE ဝတ်ပြီးအင်တာဗျုးတာ၊ ဖုံးတွေဆက်တာ၊ CCTV လိုက်တာ သတင်းစုံစမ်းတာ အကုန်လုပ်တယ်။ အစပိုင်းမှာ ထိတွေ့ခဲ့တဲ့လူ ဘယ်လူမှန်းတောင်မသိရင် သူဘယ်သူလဲဆိုတာ မရရအောင် လိုက်တယ်။

Life Church and Missions ကိစ္စတုန်းကဆိုရင် ဝူဟန်က လင်မယားကစခဲ့တယ်ဆိုတာ စီအိုင်ဒီက လိုက်ပေးထားတာ။ အဲ့လိုပဲ တခြား ပိုရှုပ်ထွေးတဲ့ Grace Assembly of God လို Cluster တွေကိုလည်း စီအိုင်ဒီက အဖွဲ့တွေခွဲပြီး အကုန်လိုက်ကာ ထိတွေ့စာရင်း ရအောင်ဖော်ပါတယ်။

ရလာတဲ့သတင်းအချက်အလက်တွေကို Analysis Team စိစစ်ဖော်ထုတ်ရေးအဖွဲ့လက်အပ်တယ်။ Word Clouds and Location Maps လို ဆော့ဝဲလ်တွေသုံးပြီး အဖြစ်နိုင်ဆုံးကို ရှာဖွေပါတယ်။

အဲ့ဒီတုန်းက Case 48 ကနေ ဘယ်လိုမှ လင့်ဖော်ထုတ်လို့ အကြိမ်ကြိမ်ကြိုးစားလို့မရချိန်မှာ Case 66 ဆီကနေ အစဆွဲထုတ်မိတယ်။ Case 66 ကနေ တရုတ်နှစ်ကူးစားပွဲတက်သူစာရင်း အပြည့်အစုံကို တစခြင်း Puzzle ပဟေဠိဆက်သလိုဆက်စပ်တယ်။

လူ ၃၀ စာရင်းရလာပြီးတော့ အဲ့လူတွေကို ဖုံးဆက်မေးတယ်။ အဲ့အချိန်မှာ Analysis Team က ကွန်ပျူတာ Data Base ထဲကနေဆက်စပ်မှုကို ဒေတာရှာနေပြီ။ အဲ့ဒီကနေ ဘုရားကျောင်းနှစ်ခုမှာ စဖြစ်ရတဲ့ လင့်ကို ဆွဲထုတ်မိပြန်တယ်။ အဲ့ဒီမှာ လင်မယား နှစ်ယောက်ကို သွားတွေ့ပြန်တယ်။ နှစ်ယောက်လုံးက ကောင်းနေတော့ လမ်းကဆုံးပြန်ရော။ အလျော့မပေးပဲ လင်မယားနှစ်ယောက်ရဲ့ ဆေးခန်းပြတဲ့ ဒေတာတွေပြန်လိုက်တယ်။

နောက်ဆုံးကျ ကျန်းမာရေးဌာနအကူအညီပြန်ယူပြီး အဲ့လင်မယားရဲ့ သွေးကိုစစ်တယ်။ Antibodies ကိုစစ်တယ်။ မိန်းမက Case 91 ဖြစ်လာပြီး ဘုရားကျောင်းနှစ်ခုကြားက လင့်ဖြစ်နေတယ်။

မမြင်ရမကြားရတဲ့ ထိတွေ့ကူးစက်မှုကို ရအောင် ဖော်ထုတ်ရတာမလွယ်လှပါ။ စင်ကာပူ စီအိုင်ဒီက ASP Lim ဆိုရင် တနေ့ကို ၁၂ နာရီ အလုပ်လုပ်ပြီး ဖော်ထုတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီကြားထဲမှာ သူတို့ကို ပြန်မဖြေချင်တာ။ ဝေ့လည်ကြောင်ပတ်ဖြေနေတာ။ အဖြေတခုပဲ အကြိမ်ကြိမ်ဖြေနေတာလည်း ရှိခဲ့ပါတယ်။

အဲ့ဒီမှာ Taxi ကို ဘယ်သူတွေစီးခဲ့သလဲ၊ ဒီ COVID-19 လူနာနဲ့ ဘယ်သူတွေ ရုပ်ရှင်ရုံထဲအတူကြည့်ခဲ့သလဲကအစ ဘဲဥကို အစဖော်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

Case 35 Taxi ယာဉ်မောင်းကိစ္စမှာ ကားခပေးသူတွေဟာ ငွေစက္ကူနဲ့ပေးချေခဲ့လို့ ဒေတာမကျန်ခဲ့တာရှိခဲ့ပါတယ်။ အဲ့ဒီမှာ Taxi စီးခဲ့တဲ့ လူ ၄ ယောက်ကို အဝတ်အစားနဲ့ လူပုံစံကြည့်ပြီး CCTV တွေ အကုန်လိုက်ကြည့်ကာ ကောက်ရိုးပုံထဲက အပ်ကိုရှာဖွေခဲ့ရပါတယ်။

အပေါ်အင်္ကျီအဖြူ၊ ဘောင်းဘီအမည်းလူကို CCTV အလုံး ၄၀ ကနေ CCTV တခုချင်းကို တစက္ကန့်လေးပေါ်လာမယ့်လူကို ရှာရတာမလွယ်လှပါ။ Case 48 နဲ့ Orchard က Shopping Mall ထဲ ရုပ်ရှင်အတူကြည့်ခဲ့သူတွေကို ရှာရတာမလွယ်ပါ။

Orchard မှာ CCTV အလုံးပေါင်းများစွာရှိတယ်။ ထင်တဲ့လူကနေ မျက်နှာကိုမမြင်ရဘူး။ Orchard လမ်းပေါ်မှာ အင်္ကျီဆင်တူတွေကလည်းရှိနေပြန်တယ်။ CCTV ကနေ မျက်နှာမမြင်ရရင် လမ်းလျှောက်ပုံစံကိုကြည့်ပြီး နောက်ကနေ ဒီလူပဲလို့ပြန်လိုက်ရပြန်တယ်။

အမှားတွေအကြိမ်ကြိမ်ကနေ အမှန်ကိုရအောင် သားပစ်မယားပစ်နဲ့ နာရီပေါင်းများစွာ မျက်လုံးကိုအညောင်းခံပြီး ဘဲဥအစဖော်ထုတ်ခဲ့ကြပါသတဲ့။ Botanic Garden ထဲက ပရဆေးဥယာဉ်ထဲဝင်သွားရင်လည်း လိုအပ်ရင်မြေကိုတူးပြီး ရှာကြမယ့် စင်ကာပူစီအိုင်ဒီပါ။

အဲ့ဒီလို မြေပြင်ရော၊ ဖုံးနဲ့ရော၊ CCTV၊ ကွန်ပျူတာဒေတာ စတာတွေအကုန်လုံးနဲ့ လိုက်ထားသမျှကို နေ့တိုင်း ကျန်းမာရေးဝန်ကြီးဌာနကအဖွဲ့နဲ့ Online မီတင်ထိုင်ပြီး Cintact Tracing ကို မရရအောင်ခြေရာခံလိုက်ပါတယ်ခင်ဗျား။

အထက်ပါဖော်ပြခဲ့တာကတော့ နိုင်ငံရဲ့အရေးမှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တင်ပြခဲ့တာပါ။

ကျနော်တို့ဆီမှာ COVID-19 သာဖြစ်ခဲ့ရင် Contact Tracing လိုက်ရာမှာ နမူနာရစေဖို့ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ…

Richard Myo Thant
13-Mar-2020