ဘရာ ဇီးသမ္မတ Jair Bolsonaro တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီဖြစ်ကြောင်း မတ်လ ၁၃ ရက်နေ့ ည ၉ နာရီ နိုင်ငံတကာသတင်းများအရ သိရသည်။

ဘရာဇီးသမ္မတ မှာ ပြီးခဲ့သည့် မတ်လ (၇)ရက် စနေနေ့ က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Mar-a-Lago အပန်းဖြေစခန်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ ဆုံခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ယခုသတင်းထွက်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ ဆုံခဲ့ရာတွင် ပါဝင်ခဲ့သည့် ဘရာဇီးသမ္မတ၏ လက်ထောက်နှင့်ပြောရေးဆိုခွင့်ရှိသူ Fabio Wajngarten တွင် လက္ခဏာများပြလာပြီးနောက် စစ်ဆေးခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ ရှိခဲ့သည့်အတွက် ဘရာဇီးသမ္မတ ကိုပါ ထပ်မံစစ်ဆေးခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရှိနေသည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်သည်။

ဘရာဇီးသမ္မတ လက်ထောက်၏ သားဖြစ်သူ Eduardo က ဖခင်ဖြစ်သူ ဗိုင်းရပ်စ်ကူးစက်ခံထားရမှုအတွက် ဆေးစစ်မှုများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း Fox သတင်းဌာနသို့ ပြောကြားခဲ့သည်။

သြစတြေးလျပြည်ထဲရေးဝန်ကြီး Peter Dutton သည်လည်း အမေရိကန်၏နိုင်ငံတော်ရှေ့ နေချုပ် ဝီလျံဘား၊ ဒေါ်နယ်ထရမ့်၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် အဖြစ်တာဝန်ယူထားသည့်ဒေါ်နယ်ထရမ့်၏ သမီးဖြစ် သူ အိုင်ဗန်ကာထရမ့်တို့ နှင့် ဝါရှင်တန်ဒီစီတွင် တွေ့ ဆုံခဲ့ပြီးနောက် သြစတြေးလျသို့ ပြန်ရောက်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရှိနေသည်ကို တွေ့ ရှိခဲ့သည်။

ယခုကဲ့သို့ ဒေါ်နယ်ထရမ့်နှင့်တွေ့ ဆုံခဲ့ပြီးနောက် သီတင်းတစ်ပတ်အတွင်းမှာပင် ဘရာဇီးသမ္မတနှင့် ၄င်း ၏ ကိုယ်ရေးအရာရှိတို့ တွင် ကိုရိုနာဗိုင်းရပ်စ်ရှိနေသည့် သတင်းများထွက်လာခဲ့သည့်အတွက် အိမ်ဖြူ တော်မှတာဝန်ရှိသူများက အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဒေါ်နယ်ထရမ့်တွင် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိကို စစ်ဆေးရန်ပြင်ဆင်နေကြပြီဖြစ်သည်။ သို့သော် ဒေါ်နယ်ထရန့်က ၄င်းအနေဖြင့် ဖျားနာခြင်းရှိ-မရှိ ဆေးစစ်ခံယူရန်လည်း အစီအစဉ်မရှိကြောင်း ပြောဆိုသည်။

ဘရာဇီးသမ္မတ၏ လက်ထောက်၌ ဗိုင်းရပ်စ်စွဲကပ်ကြောင်း သတင်းထွက်ပေါ်စဉ် “ထူးခြားတာ ဘာမှမရှိခဲ့ပါဖူး.. ခဏတစ်ဖြုတ် လောက် ဘေးချင်းယှဉ် အတူထိုင်ခဲ့တာလောက်ပါပဲ” ဟု ဒေါ်နယ်ထရမ့်က သတင်းထောက်များအား ပြောဆိုခဲ့ဖူးသည်။

လေးစားစွာဖြင့်
Credit-WhiteSone(HNM)