ကို ရာနာဗိုင်းရပ်စ်ကို အကြောက်လွန်ဖို့ မလိုပါ၊ သတိရှိဖို့ ပဲလိုပါတယ်”

စင်္ကာပူမှာ ကျနော် နေ့တိုင်း အလုပ်သွားပါတယ်၊ အားကစားလုပ်ဖို့၊ ဈေးဝယ်ဖို့ အပြင်သွားပါတယ်…

လုပ်ရမှာက… (၁) ကျန်းမာရေး ၀န်ကြီး ဌာနက ထုတ်ပြန်တာကို အမြဲ သိအောင်လုပ်ပါ၊နားထောင်လိုက်နာပါ။ (၂)လူစုလူ‌ဝေးများတဲ့ နေရာကို တတ်နိုင်သမျှရှောင်ကြဉ်ကြပါ။ (၃)ကိုယ်ဖြစ်ဖြစ်၊ ကိုယ့်ပါတ်ဝန်းကျင်မှာ ဖြစ်ဖြစ် တုတ်ကွေး လက္ခဏာတွေ့လာရရင် (ဖျားတာ၊ ချောင်းဆိုးတာ စတာတွေဖြစ်ရင်) ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေကို အကြောင်းကြားပါ။ သွားပြပါ၊ သွားပြဖို့ ပြောပါ။

(၄) ကိုယ့်မှာ ချောင်းဆိုး၊ နှာစေးဖြစ်ရင် မျက်နှာဖုံး Mask တတ်ပါ။ (စင်္ကာပူမှာကတော့ ကျန်းမာနေရင် အစိုးရက Mask တတ်‌ဖို့ မတိုက်တွန်းသလို ကျန်းမာတဲ့သူအများစုကလဲ Mask မတတ်ကြပါ။) (၅)လက် ကို မကြာခဏ ဆေးပါ။ (အထူးသဖြင့် အပြင်က ပြန်လာရင်)။ လက်နဲ့ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တွေကို မကိုင်မိအောင် သတိထားပါ။ (ဒါက တော်တော် အရေးကြီးပါတယ်) (၆)ကိုယ့်ကိုကိုယ် ကျန်းမာ‌အောင်၊ကိုယ်ခံအားကောင်းနေပါ။ (ဒါလဲ တော်တော် အရေးကြီးပါတယ်)

မကြောက်ပါနဲ့၊ ဒါပေမယ့် ပေါ့ပေါ့ ဆဆ လဲ မနေပါနဲ့… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ဒီလိုထပ်မံထုတ်ပြန်ထားပါတယ်…

ကိုရိုနာဗိုင်းရပ်စ်သည် ပူနွေးစိုစွတ်သော ရာသီဥတုရှိသည့်နေရာများတွင်လည်း ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သတိပေးလိုက်သည်။

ယင်းအတွက်ကြောင့် အဆိုပါရာသီဥတုရှိသော နေရာများတွင် နေထိုင်သူများ သို့မဟုတ် COVID – 19 ဖြစ်ပွားနေကြောင်း ထုတ်ပြန်ထားသည့် နေရာများသို့ သွားရောက်သူများအနေနှင့် ရောဂါကာကွယ်ရေး လုပ်ဆောင်မှုများကို လိုက်နာသင့်ကြောင်း WHO က အကြံပြုထားသည်။

COVID – 19 ကူးစက်မှုမှ မိမိကိုယ်ကိုယ်ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ လက်ကို မကြာခဏဆေးကြောခြင်းပင်ဖြစ်ကြောင်းလည်း WHO က အကြံပြုသည်။

မိမိလက်တွင် ရှိနေနိုင်သည့် ဗိုင်းရပ်စ်များကို ဆေးကြောဖယ်ရှားပြီး ရောဂါကူးစက်မှုဖြစ်စေနိုင်သည့် မျက်လုံး၊ ပါးစပ်နှင့် နှာခေါင်းများကို ကိုင်တွယ်ခြင်းမပြုလုပ်ရန်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။

Ref – Aung Myo, WHO