လတ် တလောမှာတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကြောက်လန့်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကတော့ ဒီနေ့နေ့လည်(၂)နာရီအထိစစ်တမ်းများအရ နိုင်ငံပေါင်း(၁၁၈)နိုင်ငံမှာပျံ့နှံ့နေပြီး လူပေါင်း(၄၉၈၀)ယောက်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ဒီဗိုင်းရပ်စ်ကတော့ ကူးစက်ခံရသူတွေကို ပြင်းထန်တဲ့အသက်ရှုလမ်းကြောင်းထိခိုက်မှုနဲ့ အချိန်တိုအတွင်းသေဆုံးစေမှာဖြစ်ပြီး မထင်မှတ်ထားလောက်အောင်ပျံ့နှံ့မှုနှုန်းမြန်ဆန်ခဲ့တာကြောင့် ကမ္ဘာ့ကပ်ရောဂါအဖြစ်လည်း သတ်မှတ်လိုက်ကြပြီဖြစ်ပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူတစ်ယောက်မှမတွေ့ရှိသေးပေမယ့်လည်း မနေ့ညနေကစတင်ထွက်ပေါ်လာတဲ့ ကောလဟလတွေကြောင့် ဈေးဝယ်စင်တာတွေမှာ အလုအယက်ဝယ်ခဲ့ကြတဲ့အထိ ဂယက်ရိုက်ခဲ့ပါတယ်။ငွေကြေးတတ်နိုင်သူတွေကတော့ အများကြီးဝယ်စုထားနိုင်ကြပေမယ့် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့လူတွေအတွက်ကတော့ ဝယ်လိုအားများလာတဲ့အချိန် ကုန်ဈေးနှုန်းတက်လာမယ့်ပြဿနာတွေပါ ဖြစ်လာနိုင်တာကြောင့် လူမှုကွန်ရက်မှာအတော်လေးပွဲဆူခဲ့တဲ့ညလို့လည်း ဆိုရမှာပါ။အဲ့ဒီအထဲမှာမှ မောင်မောင်အေးလည်း အပါအဝင်ဖြစ်ခဲ့ပြီး သူကိုယ်တိုင်လည်း လက်ရှိဖြစ်နေတဲ့အခြေအနေအပေါ် မကျေနပ်တာတွေကို ရေးသားခဲ့ပါတယ်။

“မသိရင်ဖဲ နောက်( ၅) မိနစ်ကြရင်ကို ဘာစားစရာမှ မရှိတော့လို့ ကိုယ့်ခြေအိတ်ကိုယ် ပြုတ်သောက်ရတော့မှာလားဆိုတဲ့စိုးရိမ်မှုမျိုးတွေ…..မနက်ဖန် သန်ဘက်ခါကို လွင်တီးခေါင်ပြင် သဲကန္တာရထဲ (၁၀) ရက်လောက် ပစ်ထားခံရပြီး လဒတွေအဆွဲခံရတော့မှာမို့လို့ ကြောက်လန့်နေကြတဲ့ပုံမျိုးတွေ…လေပါ့…. ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာ နင့်အပူပါလား လို့ပြောချင်တဲ့သူတွေကိုတော့ ငါ့အပူရော နင့်အပူပါ ပါတယ်လို့ပဲ ပြောရတော့မယ်”

“အဲ့လို အလန့်တကြားတွေလုပ်ပြလေ… မလိုအပ်ဘဲ ပစ္စည်းတွေစွတ်လှောင်လို့ Stock တွေပြတ် ..ကုန်ဈေးနှုန်းတွေတက်… တကယ်ခံရ ဒုက္ခရောက်ရတော့ ကိုယ့်ပြည်သူတွေ အောက်ခြေလူတန်းစားတွေ…သူတို့ စားဝတ်နေရေး ဒုက္ခရောက်ရင် ခင်ဗျားတို့ ကျုပ်တို့လည်း အေးချမ်းမယ် လုံခြုံမယ် မထင်ကြနဲ့” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။

ပရိသတ်ကြီးရေ… လတ်တလောဖြစ်နေတဲ့အနေအထားတွေအရ ကြိုတင်ပြင်ဆင်တာအကောင်းဆုံးဆိုပေမယ့်လည်း မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေအရ ကိုယ့်ဘက်ကိုပဲကြည့်ပြီး အုံးအုံးကြွက်ကြွက်ဖြစ်မလာအောင် ကောလာဟလတွေကိုယုံပြီးလိုက်မလုပ်ကြဖို့ မောင်မောင်အေးရေးသားခဲ့တာလေးကို မျှဝေပေးလိုက်ပါတယ်နော်။