မြန် မာနိုင်ငံတွင် လက်ရှိအထိ ကိုရိုနာဗိုင်းရပ်(စ်)မရှိသေးသကဲ့သို့ ဖြစ်ပွားလာပါကလည်း စားနပ်ရိက္ခာလုံလောက်ရုံသာမက ပိုလျှံနေကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်သမ္မတအိမ်တော်သတင်းစာရှင်းလင်းခန်းမ၌ မတ်လ ၁၃ ရက်ကကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိကိုရိုနာဗိုင်းရပ်(စ်)ဖြစ်ပွားမှုမရှိသေးပါဘူး။ ဖြစ်ပွားလာခဲ့ရင်လည်း ပြည်တွင်းမှာ စားနပ်ရိက္ခာလုံလောက်စွာရှိသလိုပိုလျှံနေပါသေးတယ်။ လက်ရှိနိုင်ငံတော်မှာတင် အရန်ဆန်တန်ချိန် ၁၅၀၀၀ အထိလည်းရှိပါတယ်။ ကုန်ပစ္စည်းတွေကိုဈေးတင်ရောင်းတဲ့သူတွေကို အရေးယူသွားဖို့ရှိပါတယ်” ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်သည် မတ်လ ၁၂ ရက်၌ ၁၃၈ နိုင်ငံအထိ ကူးစက်ပျံ့နှံ့ကာ လူဦးရေ ၁၃၄၅၀၀ ဦးကျော်ထိကူးစက်ခံရ၍သေဆုံးသူ ၄၉၀၀ ဦးကျော်အထိရှိလာပြီ ဖြစ်သည်။

သို့သော် လက်ရှိအထိမြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိသေးဘဲ လူစုလူဝေးပွဲများကိုလည်း မကျင်းပရန် အစိုးရကထုတ်ပြန်ထားသည်။

အကုန်သိ