ခါးနာ အတွက် ဆေးနည်းတိိုများ။

သက်ရင်းကြီးရွက်များကို ခါးတွင်ကပ်ပြီး အဝတ်ဖြင့်စည်းထားပါ။ (၂)နာရီကြာလျှင်၊ယာလာလျှင်ဖြည်ပေးပါ။ သက်ရင်းကြီးရွက်(၇)ရွက်ကို အိိပ်ယာအောက်တွင်ခင်းအိပ်လျှင် ခါးနာသက်သာသည်ဟုရှေးလူကြီးများသုံးကြသည်။

ကိုရန်ကြီး(ခတ္တာပင်) အရွက်ကိိုပျော့အောင်မီးကင်ပါ။ မုံညှင်းဆီ(သို့)နှမ်းဆီသုပ်ပြီး ခါးတွင်ကပ်ပြီးအဝတ်ဖြင့်ပတ်စည်းထားပါ။

ဗာဒံရွက်(ဗန်ဒါရွက်) အစိမ်းရောင်အရွက်နုကိုခါးတွင်၃ရွက်ခန့်ကပ်ပြီး ခါးနာလျှင်ပတ်သည့်ခါးပတ်ဖြင့်ပတ်ထားလျှင် ခါးကြောညပ်၊ခါးဆစ်နာသက်သာစေသည်။

သင်္ဘောရွက်ကိုပျော့အောင်ရေနွေးစိမ် ခါးတွင်ကပ်ပြီးပတ်ထားလျှင် သက်သာစေသည်။

ချင်းခြောက်မှုန့်၂ဆ+လင်းနေမှုန့်၁ဆ+သစ်ကြံပိုးခေါက်မှုန့်၁ဆ ရောစပ် ရေနွေးဖြင့်ကျေညက်အောင်ခေါက်ဖျော်ပြီး ဂွမ်း(သို့)ပတ်တီးစပေါ်တွင်သုပ်လိမ်း ခါးတွင်ကပ်ပြီးအိပ်လျှင် ခါးနာ။ကျီးပေါင်းတက်နာ သက်သာစေနိုင်သည်။

တောရှောက်မြစ်၊ဝံအူမြစ်၊စာသူငယ်ဦးနှောက်၊ပိတောက်သားအနှစ်တို့ကိုသွေးပြီးလိမ်းပေး(သို့)အမှုန့်ကြိတ်ရေဖြင့်ဖျော်လိိမ်းပေးပါက ခါးနာသက်သာစေသည်။

မိဿလင်ဥ(သို့) အမှုန့်ကို ကြပ်ထုပ်လုပ်ပြီး ရေနွေးငွေ့ခံထိုးပေးလျှင် ခါးကိုက်၊လှည့်စောင်းမရဝေဒနာသက်သာစေသည််။

ဆားခါးထုပ်ကို ရေစိမ်ကန်တွင်ထည့်ဖျော်ပြီး စိိမ်ပေးလျှင် ခါးနာသက်သာစေသည်။

ဆေးခါးကြီး(သို့) ရှမ်းဆေးခါးပင်ပြုပ်ရည်ကိို အကြမ်းပန်းကန်တစ်လုံးစာ နံနက်ညသောက်လျှင်ခါးနာစွဲနေသူသက်သာစေသည်။

ဓာတ်စာအနေဖြင့် ခွေးတောက်ရွက်နှှင့်ကြက်ရိုးဟင်းချိုချက်သောက်ပါ။

ခါးနာအတွက် ဆေးပရုပ်ဆီချက်နည််း။

မင်သော်ဆီ ၂ကျပ်သား။

မီသိိုင်း ၃ကျပ်သား။

ပက်ပါမင် ၅ကျပ်သား။

ပရုပ် ၂၄ကျပ်သား။

ထင်းရှူးဆီ ၁ဝကျပ်သား။

မုံညှင်းဆီီ ၄ဝကျပ်သား။

ပျားဖယောင်း ၁၆ကျပ်သား။

( မုံညှင်းဆီအရင်တည်။ ဆူပြီးမှ ဆေးမယ်များအဆင့်ဆင့်ထည့်သွား မီးဖိုပေါ်မှချပြီးမှ နောက်ဆုံးပျားဖယောင်းထည့်ပါ။ မအေးခဲမီ ဖန်ပုလင်းငယ်များတွင်ခွဲထည့်ပါ။ အေးခဲလျှင်ဆေးပရုပ်ဆီဖြစ်ပါပြီ)

ဆရာကြည်လွင်မြင့််(မုဒြာ)a

ခါးနာတတ္သူမ်ားအတြက္္ အေကာင္းဆံုး ေဆးနည္းေပါင္းခ်ဳပ္္

ခါးနာအတြက္ ေဆးနည္းတိုိမ်ား။

သက္ရင္းႀကီးရြက္မ်ားကို ခါးတြင္ကပ္ၿပီး အဝတ္ျဖင့္စည္းထားပါ။ (၂)နာရီၾကာလၽွင္၊ယာလာလၽွင္ျဖည္ေပးပါ။ သက္ရင္းႀကီးရြက္(၇)ရြက္ကို အိိပ္ယာေအာက္တြင္ခင္းအိပ္လၽွင္ ခါးနာသက္သာသည္ဟုေရွးလူႀကီးမ်ားသုံးၾကသည္။

ကိုရန္ႀကီး(ခတၱာပင္) အရြက္ကိုိေပ်ာ့ေအာင္မီးကင္ပါ။ မုံညႇင္းဆီ(သို႔)ႏွမ္းဆီသုပ္ၿပီး ခါးတြင္ကပ္ၿပီးအဝတ္ျဖင့္ပတ္စည္းထားပါ။

ဗာဒံရြက္(ဗန္ဒါရြက္) အစိမ္းေရာင္အရြက္ႏုကိုခါးတြင္၃ရြက္ခန္႔ကပ္ၿပီး ခါးနာလၽွင္ပတ္သည့္ခါးပတ္ျဖင့္ပတ္ထားလၽွင္ ခါးေၾကာညပ္၊ခါးဆစ္နာသက္သာေစသည္။

သေဘၤာရြက္ကိုေပ်ာ့ေအာင္ေရေႏြးစိမ္ ခါးတြင္ကပ္ၿပီးပတ္ထားလၽွင္ သက္သာေစသည္။

ခ်င္းေျခာက္မွုန္႔၂ဆ+လင္းေနမွုန္႔၁ဆ+သစ္ႀကံပိုးေခါက္မွုန္႔၁ဆ ေရာစပ္ ေရေႏြးျဖင့္ေက်ညက္ေအာင္ေခါက္ေဖ်ာ္ၿပီး ဂြမ္း(သို႔)ပတ္တီးစေပၚတြင္သုပ္လိမ္း ခါးတြင္ကပ္ၿပီးအိပ္လၽွင္ ခါးနာ။က်ီးေပါင္းတက္နာ သက္သာေစနိုင္သည္။

ေတာေရွာက္ျမစ္၊ဝံအူျမစ္၊စာသူငယ္ဦးေႏွာက္၊ပိေတာက္သားအႏွစ္တို႔ကိုေသြးၿပီးလိမ္းေပး(သို႔)အမွုန္႔ႀကိတ္ေရျဖင့္ေဖ်ာ္လိိမ္းေပးပါက ခါးနာသက္သာေစသည္။

မိႆလင္ဥ(သို႔) အမွုန္႔ကို ၾကပ္ထုပ္လုပ္ၿပီး ေရေႏြးေငြ႕ခံထိုးေပးလၽွင္ ခါးကိုက္၊လွည့္ေစာင္းမရေဝဒနာသက္သာေစသည္္။

ဆားခါးထုပ္ကို ေရစိမ္ကန္တြင္ထည့္ေဖ်ာ္ၿပီး စိိမ္ေပးလၽွင္ ခါးနာသက္သာေစသည္။

ေဆးခါးႀကီး(သို႔) ရွမ္းေဆးခါးပင္ျပဳပ္ရည္ကိုိ အၾကမ္းပန္းကန္တစ္လုံးစာ နံနက္ညေသာက္လၽွင္ခါးနာစြဲေနသူသက္သာေစသည္။

ဓာတ္စာအေနျဖင့္ ေခြးေတာက္ရြက္ႏွွင့္ၾကက္ရိုးဟင္းခ်ိဳခ်က္ေသာက္ပါ။

ခါးနာအတြက္ ေဆးပ႐ုပ္ဆီခ်က္နည္္း။

မင္ေသာ္ဆီ ၂က်ပ္သား။

မီသိုိင္း ၃က်ပ္သား။

ပက္ပါမင္ ၅က်ပ္သား။

ပ႐ုပ္ ၂၄က်ပ္သား။

ထင္းရွူးဆီ ၁၀က်ပ္သား။

မုံညႇင္းဆီီ ၄၀က်ပ္သား။

ပ်ားဖေယာင္း ၁၆က်ပ္သား။

( မုံညႇင္းဆီအရင္တည္။ ဆူၿပီးမွ ေဆးမယ္မ်ားအဆင့္ဆင့္ထည့္သြား မီးဖိုေပၚမွခ်ၿပီးမွ ေနာက္ဆုံးပ်ားဖေယာင္းထည့္ပါ။ မေအးခဲမီ ဖန္ပုလင္းငယ္မ်ားတြင္ခြဲထည့္ပါ။ ေအးခဲလၽွင္ေဆးပ႐ုပ္ဆီျဖစ္ပါၿပီ)

ဆရာၾကည္လြင္ျမင့္္(မုျဒာ)