ဟိုတလော က လေယာဉ်စင်းလုံး ပြန်လွှတ်တော့ စလုံးတွေကအစ အားကျနေကြရတယ်…. ခုကျတော့ အမေရိကန်ကောင်က သူဖျားတာကို လူနာတင်ကား နဲ့ ခေါ်ပြီး ချက်ချင်း Covid-19 and H1N1 ဖရီးစစ်ပေးလို့တဲ့… အမေရိကန်က သူ့မိသားစုနဲ့ သယ်ချင်းတွေကို ဒီလို ကျန်းမာရေးစောင့်ရှောက်မှုမျိုး ရစေချင်လိုက်တာတဲ့ ၊ အမေရိကန်နိုင်ငံသား တင်ထားတဲ့ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

“ကျွ န်တော် မြန်မာပြည်ကို ခရီးသွားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာတွေ ခံစားခဲ့ရပါတယ်။ အအေးမိသလို ဖြစ်လာတာကြောင့် ဆေးရုံတခုကို သွားပြခဲ့ပါတယ်။ ရင်ဘတ်ဓာတ်မှန် ရိုက်ပြီးတဲ့ အခါမှာ နောက်ထပ် ဆေးရုံတခုကို အရေးပေါ်ကားကို ဥသြဆွဲပြီး ပို့ပေးပါတယ် (ဘာဖြစ်လို့ အလျင်လိုနေတာလဲတော့ မသိပါဘူး)။ ကျွန်တော့်ကို COVID-19 နဲ့ H1N1 ရောဂါတွေ စစ်ပေးခဲ့ပါတယ်။

စစ်ဆေးမှု ရလဒ်ရဲ့ အဖြေကို တရက်အတွင်း သိရပါလိမ့်မယ်။ အဖြေမှာ ရောဂါပိုး မရှိဘူးဆိုရင်တောင် ကျွန်တော့်ရဲ့ ရောဂါလက္ခဏာတွေ ပျောက်သွားတဲ့အထိ ဆေးရုံမှာပဲ ဆက်နေရဦးမှာပါ။ အကယ်၍ ရောဂါပိုး ရှိတယ်လို့ အဖြေထွက် လာရင်တော့ ဆေးရုံအကြာကြီး တက်ရမှာပါ။ မြန်မာပြည်မှာ ရောဂါပိုးရှိတဲ့သူ တယောက်မှ မတွေ့သေးပါဘူး။ ကျွန်တော် က ပထမဦးဆုံး ဖြစ်ချင်လည်း ဖြစ်နေနိုင်ပါတယ်။

ဆေးရုံပတ်ဝန်းကျင်အသစ်မှာတော့ သိပ်တော့ အသားမကျသေးပေမယ့် စမ်းသပ်ခြင်း၊ စစ်ဆေးကုသခြင်း၊ လူနာတင်ယာဉ် အားလုံးက လုံးဝ ၁၀၀ ရာခိုင်နှုန်း အခမဲ့ပါပဲ။ ဆေးရုံသီးသန့်ခန်းမှာ ရက်အကြာကြီး နေတာကလည်း လုံးဝ အခမဲ့ပါ။

အမေရိကန်မှာ ရှိတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ မိသားစုတွေလည်း ဒီလို စောင့်ရှောက်မှုမျိုး ရစေချင်ပါတယ်။ အခုကြားနေရတာကတော့ စမ်းသပ်မှု မလုံလောက်ခြင်းနဲ့ အာမခံ ဖြတ်နောက်ခြင်းတွေ အများအပြားနဲ့ တွေ့ကြုံနေရတယ်လို့ သိရပါတယ်။”

David Rosenblum
Credit-WhiteSone(HNM)