

ကို ရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် သင်္ကြန်ပွဲတော် ကျင်းပခွင့်မပြုကြောင်းနှင့်ပြည်သူ လူထုများစိုရိမ်မှုဖြစ်ပွားအောင် သတင်းအမှားများဖြန့်ဝေနေသည့် ကောလာဟလများကို မယုံကြည်ကြရန် နိုင်ငံတော်သမ္မတရုံးမှ ပြည်သူများကို ပန်ကြားခဲ့သည်။

Covid-19 ရောဂါသည် လူစုလူဝေး များပြားသည့် နေရာများတွင် လျှင်မြန်စွာ ကူးစက်နိုင်သည့် အတွက် သင်္ကြန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်းများ အပါအဝင် ပွဲလမ်းသဘင် အခမ်းအနားများ ဧပြီလကုန်အထိ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း သမ္မတရုံးက ယနေ့ တွင် ထုတ်ပြန်သည်။