ဝတ် မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးထိပ်တန်းမင်းသမီးတစ်ဦးလို့ဆိုနိုင်သလို အခုနောက်ပိုင်းမှာ ဂျပန်နဲ့ ကိုရီးယား လို နိုင်ငံတွေမှာပါ ရုပ်ရှင်တွေသွားရောက်ရိုက်ကူးပြီးအောင်မြင်မှုရနေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ကစ်ရဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးဟာဆိုရင်လည်း ပြည်ပနိုင်ငံတွေမှာပါသွားရောက်ပြသခြင်းခံရပြီး အောင်မြင်မှုတွေအကြီးအကျယ်ရရှိထားသလို ကစ်ပါဝင်တဲ့အခြားသောဇာတ်ကားတော်တော်များများဟာလည်းနိုင်ငံတကာအသိအမှတ်ပြုခြင်းခံထားရတယ်ဆိုရင်မမှားပါဘူး။

ကစ်ေ လးက မကြာသေးမီက ပိုင်တံခွန်နဲ့ အရမ်းကိုရိုပြီးချစ်ရတဲ့ အိပ်မက်မြစ်ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး ကစ်ပါဝင်တဲ့ တိမ်တွေပေါ်က ပန်း ဇာတ်ကားကလည်း အောင်မြင်မှုအကြီးအကျယ်ရရှိထားတာပါ။ လက်ရှိမှာ အနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေတဲ့ ကစ်လေးက ပွဲတက်တွေဆက်တိုက်ဆိုသလို တက်နေရင်းနဲ့ ခရီးတွေလည်း ထွက်နေရတာဖြစ်ပါတယ်။

မကြာသေးမီကမှ ပရိသတ်တွေကြားမှာ ရေပန်းစားသွားတဲ့ SAI နှုတ်ခမ်းနီကြော်ငြာ video လေးထဲမှာလည်း စိုင်းစိုင်းနဲ့ ကစ်ရဲ့ သရုပ်ဆောင်မှုတွေဟာ အရမ်းကိုအသက်ဝင်ပြောင်မြောက်လွန်းတာကြောင့်လည်း ပရိသတ်တွေက အသည်းတယားယားဖြစ်နေကြတာလည်းဖြစ်ပါတယ်။ ဒီလိုချစ်ဖို့ကောင်းပြီး တစ်နိုင်ငံလုံးက ဝိုင်းချစ်နေကြတဲ့ ကစ်လေးမှာ ချစ်သူရှိနေပြီလားလို့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကစ်လေးကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးခြင်းမရှိပဲ သိုသိပ်အေးချမ်းစွာ နေထိုင်တတ်သူပါ။ မကြာသေးမီက ကစ်လေးက သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ အချစ်ရေးနဲ့ ပတ်သက်တဲ့ ကောလဟလတွေအားလုံး ငြိမ်ကျသွားစေမယ့် စာလေးတင်လိုက်ပါတယ်။ အဲဒါကတော့ ကစ်လေးက အရမ်းကိုချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလေးနဲ့အတူ “Single is the best”လို့ တင်လိုက်တာပါ။ ကစ်ရဲ့ အချစ်ရေးကိုစိတ်ဝင်စားနေကြတဲ့ ပရိသတ်တွေအတွက်လည်း ကစ်ရဲ့ post လေးက ကစ်က single ပါလို့ ကြေငြာလိုက်သလိုဖြစ်သွားခဲ့တယ်ဆိုရင် မမှားပါဘူး။ကစ်လေးရဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း ကစ်ရဲ့ အချစ်ရေးအကြောင်း သိလိုက်ရလို့ ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။ ကစ်လေးကို ရှေ့လျှောက်ထွက်လာမယ့် ရုပ်ရှင်ကားတွေမှာလည်း အားပေးကြဦးမှာလား။

Credit-CeleTrend