မိန်း ကလေးပရိသတ်တွေရဲ့အားပေးဝန်းရံမှုအပြည့်ဝရရှိထားတဲ့ မင်းသားချောလေးနေဒွေးကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေတဲ့မင်းသားတစ်ယောက်ပါ ။ အသက်ဆယ့်ခြောက်နှစ်ကစလို့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တာပဲဖြစ်ပါတယ် ။ နေဒွေးကတော့ မိခင်ဖြစ်သူကို အရမ်းချစ်ပြီး မိဘကို သိတတ်တဲ့သားလိမ္မာလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော် ..။

မကြာေ သးမီက မော်ဒယ်လ်သံစဉ်မောင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်နာကျင်စေမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာအတော်လေး ဂယက်ထခဲ့ပေမယ့် အခုလတ်တလောမှာတော့ အရာရာပြန်လည်အဆင်ပြေနေပြီလို့သိရပါတယ် ။ ပျော်လိုက်တာ မင်္ဂလာသတင်းတွေချည်းပဲ ကားရိုက်ကိစ္စအတွက်ရော ဆန်ကိစ္စအတွက်ရော သင်္ကြန်အတွက်ရောကျေးဇူးပါ ဘာသာတရားကိုယုံကြည်စွာလုပ်ခြင်း ၊ မေမေ့ကို ဦးထိပ်ထားခြင်း အဓိဋ္ဌာန် မပြတ်ဝင်ခြင်းကြောင့် သုခခံစားရတာ ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့မိုင်ဒေးကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ် ။

မိဘကို ဦးထိပ်ထားသလို ဘာသာတရားကိုင်းရှိုင်းတဲ့ နေဒွေးတစ်ယောက်ကတော့ မကြာသေးမီက အဆင်မပြေမှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် အခုတော့ ဘုရားတရားလုပ်ရင်း အရာအားလုံးအဆင်ပြေလာပြီဖြစ်ပါတယ် ။ နေဒွေးကိုချစ်ခင်ကြတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဒီသတင်းကောင်းလေးကြောင့်ထပ်တူထပ်မျှဝမ်းသာနေကြမယ်ထင်ပါတယ်နော် ။

Source : Nay Dway
Emily (Cele Gabar)