အတု ယူကြဘို့ ၊ သင်ခန်းစာယူကြဘို.ဂုဏ်ယူတတ်ကြစေဘို့ ၊ ရှက်တတ်ကြစေဘို့ ဒီ post လေးကိုရေးလိုက်တာပါ။

ပထမ ပုံက

အေ မရိကန် ရဲတပ်ဖွဲ့ဝင် တစ်ဦးရဲ့ ပုံပါ။အမေရိကန်မှာ ကားမှောက်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ကလေးရဲ့ဖခင် သေသွားပါတယ်။ကယ်ဆယ်ရေးလုပ်တဲ့ ရဲတပ်သား တစ်ဦးက ရှင်ကျန်ရစ်တဲ့ ကလေးလေးကိုအနိဋ္ဌာရုံတွေ မြင်ကြားပြီးစိတ်ဒါဏ်ရာ ရသွားမှာစိုးလို့ပါတ်ဝန်းကျင် အလှအပတွေကို ပြပြီးအာရုံ လွှဲနေတဲ့ပုံ ဖြစ်ပါတယ်။ အားလုံးက ဝိုင်းပြီး ဂုဏ်ပြုကြလို့ကမ္ဘာကျော်သွားတဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။

ဒုတိယ ဓါတ်ပုံကတော့

စိတ်ဒဏ်ရာ ရနေတဲ့ ကလေးလေးရဲ့ အမည်ကို တစ်တိုင်းပြည်လုံးကကွယ်ဝှက်ပေးထားချိန်မှာ တာဝန်ရှိ ရဲတပ်ဖွဲ့ အကြီးအကဲများ ကိုယ်တိုင်က ကမ္ဘာသိ ထုတ်ဖေါ် ပြောဆိုလိုက်ပြီး ကလေးလေးကို ဘဝတစ်လျှောက်လုံး စိတ်ဒါဏ်ရာ ဖိစီးသည်ထက် ဖိစီးအောင်တစ်လောကလုံးကို တရားဝင်ပြောဆိုနေတဲ့ပုံပါ။ ပြည်သူ တစ်ရပ်လုံးက ကဲ့ရဲ့ ရှုံ့ချ ha ha တွေ ပေးခဲ့ကြလို့ ကမ္ဘာကျော်သွားတဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။

Source-MM ONE DAILY