မီး ခိုး ကွင်း အဝိုင်း ဘာ့ကြောင့်ဖြစ်သလဲ

မန္တလေးတိုင်း မြစ်ငယ်မြို့အနီး ကောင်းကင်ယံမှာ မနေ့က အမည်းရောင် စက်ဝိုင်းကြီးတစ်ခု မြင်တွေ့ခဲ့ကြပါတယ်။ အဲဒါဘာလဲ ဆိုတာကို Chat box မှာ မေးမြန်းလာတဲ့ အာကာသနှင့် စကြဝဠာ၏ စာဖတ်ပရိတ်သတ်များအတွက် ပြန်ဖြေပေးလိုက်ပါတယ်။

အမည်းရောင်ဟာ ကာဗွန် ပါဝင်နိုင်ပြီး လေပေါ်မှာ တွေ့ရတဲ့အတွက် အငွေ့ သဘောဖြစ်ပါတယ်။ အဲ့တော့ ဒါဟာ မီးခိုးငွေ့ လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ရပါတယ်။ လေတိုက်တဲ့အခါ တဖြည်းဖြည်း ပုံသဏ္ဍာန် ပြောင်းပြီး.. နောက်ဆုံးမှာ ပျက်ပျယ်သွားပါတယ်။ ဆိုတော့.. ဒါဟာ မီးခိုးငွေ့ဆိုတာ သေချာသွားပါပြီ။

နောက်တချက်က ဘာ့ကြောင့် စက်ဝိုင်းပုံပေါ်သလဲ..?

စက်ဝိုင်းပုံ မီးခိုးများဟာ စက်ဝိုင်း (သို့) စလင်ဒါ ပုံစံ အပေါက်ထဲကနေ မီးခိုး အလုံးလိုက် ထွက်တဲ့အခါမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဥပမာ ဆေးလိပ်ငွေ့ကို ပါးစပ်မှ အကွင်းလိုက်ထွက်အောင် ပြုလုပ်လို့ ရပါတယ်။

ထို့အတူ အခြား စလင်ဒါ (သို့) စက်ဝိုင်းပေါက်မှလည်း မီးခိုး အဝိုင်းထွက်အောင် ထုတ်ကြည့်လို့ရပါတယ်။ ဒီတော့.. မီးခိုးအဝိုင်းဟာ စက်ဝိုင်းကဲ့သို့ အပေါက်တစ်ခုမှ မီးခိုး အလုံးလိုက်ထွက်ခြင်းကြောင့်လို့ သုံးသပ်လို့ရပါတယ်။

အဲ့ဒီ့ စက်ဝိုင်းပေါက်က ကောင်းကင်ကို ဘယ်ကနေ ရောက်လာသလဲ..?

ကောင်းကင်မှာ ပျံသန်းတဲ့ အရာတွေကတဆင့် ရောက်ပါတယ်။ အနိမ့်ပိုင်း ပျံသန်းတဲ့ ဟယ်လီကော်ပတာ ကဲ့သို့ အင်ဂျင်စက်များရဲ့ မီးခိုးထုတ်တဲ့နေရာဟာ စက်ဝိုင်းပုံစံရှိကြပါတယ်။

မိထ္ထီလာ လေတပ်စခန်းနဲ့ နီးတဲ့ နေရာဖြစ်လို့ ဟယ်လီကော်ပတာ (ရဟတ်ယာဉ်) တခုခုက မှုတ်ထုတ်သွားခဲ့တဲ့ မီးခိုးငွေ့ အဝိုင်း ဖြစ်လောက်ပါတယ်။

ဒီတော့.. နိမိတ်လဲမဟုတ်၊ UFO လည်း မဟုတ်ပါ။ ထိတ်လန့်ကြောက်ရွံ့စရာလည်း မလိုပါ။ အသိတရားနဲ့ ဆင်ခြင် သုံးသပ်တတ်ဖို့သာ လိုအပ်ပါကြောင်း.. ရေးသားတင်ဆက်ပေးလိုက်ပါတယ်။

အနာဂတ် ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

မႏၲေလးတိုင္း ျမစ္ငယ္ၿမိဳ႕ ေကာင္းကင္ယံမွာ အမည္းေရာင္ စက္ဝိုင္းႀကီး ျဖစ္ရတဲ့ အေၾကာင္းအရင္း

မီးခိုး ကြင္း အဝိုင္း ဘာ့ေၾကာင့္ျဖစ္သလဲ

မႏၲေလးတိုင္း ျမစ္ငယ္ၿမိဳ႕အနီး ေကာင္းကင္ယံမွာ မေန႔က အမည္းေရာင္ စက္ဝိုင္းႀကီးတစ္ခု ျမင္ေတြ႕ခဲ့ၾကပါတယ္။ အဲဒါဘာလဲ ဆိုတာကို Chat box မွာ ေမးျမန္းလာတဲ့ အာကာသႏွင့္ စၾကဝဠာ၏ စာဖတ္ပရိတ္သတ္မ်ားအတြက္ ျပန္ေျဖေပးလိုက္ပါတယ္။

အမည္းေရာင္ဟာ ကာဗြန္ ပါဝင္နိုင္ၿပီး ေလေပၚမွာ ေတြ႕ရတဲ့အတြက္ အေငြ႕ သေဘာျဖစ္ပါတယ္။ အဲ့ေတာ့ ဒါဟာ မီးခိုးေငြ႕ လို႔ အၾကမ္းဖ်ဥ္း သတ္မွတ္လို႔ရပါတယ္။ ေလတိုက္တဲ့အခါ တျဖည္းျဖည္း ပုံသ႑ာန္ ေျပာင္းၿပီး.. ေနာက္ဆုံးမွာ ပ်က္ပ်ယ္သြားပါတယ္။ ဆိုေတာ့.. ဒါဟာ မီးခိုးေငြ႕ဆိုတာ ေသခ်ာသြားပါၿပီ။

ေနာက္တခ်က္က ဘာ့ေၾကာင့္ စက္ဝိုင္းပုံေပၚသလဲ..?

စက္ဝိုင္းပုံ မီးခိုးမ်ားဟာ စက္ဝိုင္း (သို႔) စလင္ဒါ ပုံစံ အေပါက္ထဲကေန မီးခိုး အလုံးလိုက္ ထြက္တဲ့အခါမွာ ျဖစ္ေပၚတတ္ပါတယ္။ ဥပမာ ေဆးလိပ္ေငြ႕ကို ပါးစပ္မွ အကြင္းလိုက္ထြက္ေအာင္ ျပဳလုပ္လို႔ ရပါတယ္။

ထို႔အတူ အျခား စလင္ဒါ (သို႔) စက္ဝိုင္းေပါက္မွလည္း မီးခိုး အဝိုင္းထြက္ေအာင္ ထုတ္ၾကည့္လို႔ရပါတယ္။ ဒီေတာ့.. မီးခိုးအဝိုင္းဟာ စက္ဝိုင္းကဲ့သို႔ အေပါက္တစ္ခုမွ မီးခိုး အလုံးလိုက္ထြက္ျခင္းေၾကာင့္လို႔ သုံးသပ္လို႔ရပါတယ္။

အဲ့ဒီ့ စက္ဝိုင္းေပါက္က ေကာင္းကင္ကို ဘယ္ကေန ေရာက္လာသလဲ..?

ေကာင္းကင္မွာ ပ်ံသန္းတဲ့ အရာေတြကတဆင့္ ေရာက္ပါတယ္။ အနိမ့္ပိုင္း ပ်ံသန္းတဲ့ ဟယ္လီေကာ္ပတာ ကဲ့သို႔ အင္ဂ်င္စက္မ်ားရဲ့ မီးခိုးထုတ္တဲ့ေနရာဟာ စက္ဝိုင္းပုံစံရွိၾကပါတယ္။

မိထၳီလာ ေလတပ္စခန္းနဲ႔ နီးတဲ့ ေနရာျဖစ္လို႔ ဟယ္လီေကာ္ပတာ (ရဟတ္ယာဥ္) တခုခုက မႈတ္ထုတ္သြားခဲ့တဲ့ မီးခိုးေငြ႕ အဝိုင္း ျဖစ္ေလာက္ပါတယ္။

ဒီေတာ့.. နိမိတ္လဲမဟုတ္၊ UFO လည္း မဟုတ္ပါ။ ထိတ္လန႔္ေၾကာက္ရြံ့စရာလည္း မလိုပါ။ အသိတရားနဲ႔ ဆင္ျခင္ သုံးသပ္တတ္ဖို႔သာ လိုအပ္ပါေၾကာင္း.. ေရးသားတင္ဆက္ေပးလိုက္ပါတယ္။

အနာဂတ္ ပညာေရးအတြက္..

သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)