ကို ရိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါနဲ႔ပတ္သက္ၿပီး ေကာလာဟလသတင္းမွားမ်ား ျဖန႔္ျဖဴးေနသူေတြကို သက္ဆိုင္ရာဌာနေတြနဲ႔ ပူးေပါင္းကာ ရွာေဖြေဖာ္ထုတ္ၿပီး တည္ဆဲဥပေဒေတြ အတိုင္းအေရးယူသြားမယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ယ ခုအခါ မသမာသူေတြက ျပည္သူမ်ားအား စိုးရိမ္ထိတ္လန႔္ေစဖို႔ ရည္ရြယ္၍လည္းေကာင္း၊ ျပည္သူေတြရဲ့ စိုးရိမ္ထိန္လန႔္မႈအေပၚ မေကာင္းေသာစိတ္ထားနဲ႔ အက်ိဳးအျမတ္ထုတ္လို၍ လည္းေကာင္း ေကာလာဟလသတင္းမွားေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဖန္တီးျဖန႔္ျဖဴးေနတယ္လို႔ ထုတ္ျပန္ပါတယ္။

မေန႔ညက လူမႈကြန္ရက္ (Facebook messenger)ကတဆင့္ ေကာလာဟလသတင္းမွားကို အသံဖိုင္နဲ႔ ဖန္တီးျဖန႔္ျဖဴးေနတာကို ေတြ႕ရွိတဲ့အေၾကာင္း အဆိုပါ အသံဖိုင္မွာ “ျပည္ေထာင္စုဝန္ႀကီး၏ PSO မွ ေျပာၾကားသည္” ဆိုၿပီး မဟုတ္မမွန္လုပ္ႀကံဖန္တီးေျပာဆိုကာ ျပည္သူေတြ စိုးရိမ္ထိတ္လန႔္ေစဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

မတ္လ ၁၂ ရက္ ည ၁၀ နာရီအထိ ျမန္မာနိုင္ငံမွာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမေတြ႕ရွိေသးဘူးလို႔လည္း အစိုးရက ထုတ္ျပန္ေၾကညာထားပါတယ္။

Credit-ဒီဗြီဘီ

ကို ရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကောလာဟလသတင်းမှားများ ဖြန့်ဖြူးနေသူတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းကာ ရှာဖွေဖော်ထုတ်ပြီး တည်ဆဲဥပဒေတွေ အတိုင်းအရေးယူသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယ ခုအခါ မသမာသူတွေက ပြည်သူများအား စိုးရိမ်ထိတ်လန့်စေဖို့ ရည်ရွယ်၍လည်းကောင်း၊ ပြည်သူတွေရဲ့ စိုးရိမ်ထိန်လန့်မှုအပေါ် မကောင်းသောစိတ်ထားနဲ့ အကျိုးအမြတ်ထုတ်လို၍ လည်းကောင်း ကောလာဟလသတင်းမှားတွေကို ပုံစံအမျိုးမျိုးနဲ့ ဖန်တီးဖြန့်ဖြူးနေတယ်လို့ ထုတ်ပြန်ပါတယ်။

မနေ့ညက လူမှုကွန်ရက် (Facebook messenger)ကတဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်နဲ့ ဖန်တီးဖြန့်ဖြူးနေတာကို တွေ့ရှိတဲ့အကြောင်း အဆိုပါ အသံဖိုင်မှာ “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆိုပြီး မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူတွေ စိုးရိမ်ထိတ်လန့်စေဖို့ လုပ်ဆောင်နေတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မတ်လ ၁၂ ရက် ည ၁၀ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိသေးဘူးလို့လည်း အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

Credit-ဒီဗွီဘီ