ကနေ ဒါ ဝန်ကြီးချုပ် ဂျက်စတင်းထရူဒိုရဲ့ ဇနီးဖြစ်သူ ဆိုဖီမှာ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စမ်းသပ်တွေ့ရှိတယ်လို့ ဝန်ကြီးချုပ်ရုံးက ကြာသပတေးနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။“ဆိုဖီဂရီဂိုရီထရူဒိုမှာ Covid-19 ရှိမရှိ ဒီကနေ့ စမ်းသပ်ခဲ့တယ်။ ရလဒ်အဖြေကတော့ ကူးစက်ခံထားရတာ အတည်ပြုနိုင်ခဲ့တယ်။”လို့ ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ကျန်းမာေ ရးအကြံပြုချက်တွေအရ သူ့အနေနဲ့ ခုကစလို့ သီးခြားနေသွားရမယ်။ သူ ကောင်းကော်ငးမွန်မွန် ရှိပါတယ်။ မှတ်ချက်ပြုထားတဲ့ ကြိုတင်သတိပေးချက်တွေကို လိုက်နာဆောင်ရွက်နေတယ်။ ရောဂါလက္ခဏာလည်း သိပ်မပြင်းထန်ပါ။”လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အသက် ၄၈ နှစ်အရွယ် ဝန်ကြီးချုပ် ထရူဒိုကတော့ ကျန်းမာရေး ကောင်းပြီး ရောဂါလက္ခဏာလည်း မပြကြောင်း၊ ဒါပေမယ့် ကြိုတင်သတိထားလုပ်ငန်းစဉ်တွေအရ ရောဂါခြေချုပ်နဲံ ၁၄ ရက်နေထိုင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပြီး ဝန်ကြီးချုပ်ကိုတော့ ကိုရိုနာ မစစ်ဆေးရသေးကြောင်း ထပ်လောင်းဆိုပါတယ်။

“ဝန်ကြီးချုပ်ဟာ သူ့ တာဝန်တွေကို အပြည့်အဝ ဆက်လက်ထမ်းဆောင်သွားမှာ ဖြစ်ပြီး သောကြာနေ့မှာ ပြည်သူကို မိန့်ခွန်းပြောပါမယ်။”ဆိုဖီ ဖျားနာလာလို့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနေချိန်မှာ ထရူဒိုနဲ့ ဇနီးဖြစ်သူ ဆိုဖီဟာ သီးခြားခွဲနေမယ်လို့ အစောပိုင်းကတည်းက ကြေညာထားတာ ဖြစ်ပါတယ်။

ဆိုဖီဟာ ဗြိတိန်ကနေ ပြန်ရောက်ပြီးနောက်မှာ အနည်းငယ် ဖျားလာတာ ဖြစ်ပြီး ကိုရိုနာစမ်းသပ်လို့ ခုလို စစ်ဆေးတွေ့ရှိတာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကနေဒါနိုင်ငံမှာ ကိုရိုနာကူးစက်သူဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကထက် နှစ်ဆကျော် ခုန်တက်ပြီး ၁၃၀ ကျော် ကူးစက်ဖြစ်ပွားနေပြီဖြစ်ပါတယ်။

Rf; Channel News Asia
မောင်သံဆင့်(XYZ News)
Credit-DailyHotNews Media